ဗုဒ္ဓဟူး, ၂၂ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ဖြစ်နိုင်ချေ နေရာများ လေ့လာ၍ ကုန်းတွင်းဆိပ်များ ဆောက်မည်

ဖြစ်နိုင်ချေ နေရာများ လေ့လာ၍ ကုန်းတွင်းဆိပ်များ ဆောက်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန်(မဇ္ဈိမ)။     ။ မြန်မာနိုင်ငံတွင် ကုန်းတွင်းဆိပ်များ ဆောက်လုပ်ရန်အတွက် ဖြစ်နိုင်ချေနေရာများကို
လေ့လာမှု ပြုခဲ့ကြသည်ဟု မြန်မာ့မီးရထား (ကုန်စည်)မှ ဒုတိယ အထွေထွေမန်နေဂျာ သူရ ဦးအောင်မျိုးမြင့်က မဇ္ဈိမ သို့ပြောသည်။

၎င်းက “ မြန်မာနိုင်ငံမှာ ကုန်းတွင်းဆိပ်ကမ်းတွေ ဆောက်လုပ်ဖို့အတွက် ဖြစ်နိုင်ချေ နေရာတွေကို လေ့လာခဲ့ပါ
တယ်။ အဲဒီနေရာတွေထဲက ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပဲခူး၊ ပြည်၊ မုံရွာ၊ တမူး၊ မူဆယ်မြို့တွေမှာ တည်ဆောက်
ဖို့ နေရာတွေကို ရွေးချယ်နေတုန်းပါ ” ဟု ပြောသည်။

လက်ရှိ အနေအထားအထိ မြန်မာနိုင်ငံတွင် ကုန်းတွင်းဆိပ်များ တည်ဆောက်မှု မရှိခဲ့သေးပေ။ ကုန်းတွင်းဆိပ်များ အကောင်အထည် ဖော်ဖြစ်ပါက မန္တလေးမြို့ကို ပထမဦးစားပေး အနေဖြင့် အကောင်းအထည် ဖော်မည် ဖြစ်သည်။

“ ပထမဦးစားပေးအနေနဲ့ မန္တလေး၊ ဒုတိယ ဦးစားပေးအနေနဲ့ ရန်ကုန် ၊ တတိယ ဦးစားပေးအနေနဲ့ တမူးမှာ အကောင်အထည် ဖော်ဖို့ ရွေးချယ်ထားပါတယ် ” ဟု သူရ ဦးအောင်မျိုးမြင့်က ဆက်လက်ပြောကြားခဲ့သည်။

မန္တလေးမြို့မှာ ဒုတိယ စက်မှုမြို့တော် ဖြစ်နေခြင်း၊ အာရှလမ်းမကြီး ဖြစ်သည့် မြ၀တီ-ဘုရားကြီး-မိတ္ထီလာ -မန္တလေး- တမူးလမ်း၊ မူဆယ်-လားရှိုး-မန္တလေးလမ်းမကြီး ပေါ်တွင် ရှိနေသည့်အပြင် အာရှ ရထားလမ်းမကြီး ကွန်ယက်ဖြစ်သည့် (မူဆယ်-လားရှိုး-မန္တလေး-တမူး) နှင့် သံဖြူဇရပ်-ပဲခူး-မန္တလေး-တမူး လမ်းပေါ်တွင် တည်ရှိနေ
သည်။

ထို့အပြင် ပြည်တွင်းရေကြောင်း ဆိပ်ကမ်းမြို့ဖြစ်ခြင်း ကုန်စည်များ ထွက်ရာဒေသများနှင့် နီးကပ်စွာ တည်ရှိနေ
သည့်အပြင် စက်မှုဇုန်များ တည်ရှိနေခြင်းတို့ကြောင့် မန္တလေးမြို့ကို ပထမ ဦးစားပေး ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း
ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။

“ မန္တလေးမြို့မှာ ကုန်းတွင်းဆိပ် လုပ်မယ်ဆိုရင် အလုပ်အကိုင် အခွင့်အရေးတွေလဲ ရလာမယ်။ ကုန်သေတ္တာ ထားနိုင်တဲ့ နေရာတနေရာ ရှိရင် အခြားပို့ဆောင်ရေးတွေ ဖြစ်တဲ့ မီးရထား၊ ရေကြောင်း လေကြောင်းနဲ့ ကားလမ်း ပို့ဆောင်ရေး ဈေးကွက်ကိုပါ ပေးနိုင်လာမယ်။ ဒါအပြင် အိန္ဒိယနဲ့ တရုတ်အကြားမှာ ရှိနေတဲ့ အတွက် Transit Dry Port အဖြစ်လည်း အသုံးပြု လာနိုင်ပါမယ် ” ဟု စီးပွားရေးပညာရှင်တယောက်က သုံးသပ်ပြောဆိုသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 86 guests online