အင်္ဂါ, ၁၈ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > အမေရိကန် အခြေစိုက် Best Westernကုမ္ပဏီ မြန်မာတွင် ဟိုတယ်များ ဖွင့်မည်

အမေရိကန် အခြေစိုက် Best Westernကုမ္ပဏီ မြန်မာတွင် ဟိုတယ်များ ဖွင့်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အမေရိကန် အခြေစိုက် ဟိုတယ် လုပ်ငန်း အုပ်စု ဖြစ်သည့် Best Western International Inc သည် ယခုနှစ်ထဲ
တွင် မြန်မာနိုင်ငံသို့ ဟိုတယ် လုပ်ငန်း ဝင်ရောက် လုပ်ကိုင်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

Best Western International Inc ၏ ဘန်ကောက် အခြေစိုက် ဌာနမှ အာရှနှင့် အရှေ့အလယ်ပိုင်း ဆိုင်ရာ လက်ထောက် ဥက္ကဌ Glenn de Souza က Bloomberg သတင်းဌာနသို့ email ဖြင့် ပြောကြားရာတွင် Best Western International Inc အနေဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့ ၂မြို့ ဖြစ်သည့် ရန်ကုန် နှင့် မန္တလေးတို့တွင် ဟိုတယ်များ ဖွင့်လှစ်ရန် စဉ်းစားနေသည်ဟု ဆိုထားသည်။

“ဟိုတယ် ကဏ္ဍမှာ ဟိုတယ်အခန်းတွေ အလွန်အမင်း ပြတ်လပ်နေပါတယ်။ အထူးသဖြင့် အလတ်စား ဟိုတယ်တွေ
ပါ။ ဒါကြောင့်မို့ ပထမဆုံး ဝင်ရောက် လုပ်ကိုင်သူတွေ အတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေ ရှိနေပါတယ်” ဟု Glenn de Souza က email ထဲတွင် ရေးသားခဲ့သည်။

ယခုနှစ် ဒီဇင်ဘာတွင် မြန်မာနိုင်ငံ၌ လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဟိုတယ်အခန်း
များ လုံလောက်စေရေးအတွက် အားကစားပွဲ မတိုင်မီ အချိန်ကာလအတွင်း ၂၀၀ ဧကခန့် ကျယ်ဝန်းသည့် ဟိုတယ်ဇုန် တခုကို ရန်ကုန်တွင် တည်ထောင်မည် ဖြစ်ကြောင်း မြန်မာ အစိုးရက ကြေညာထားသည်။

ရှန်ဂရီလာ နိုင်ငံတကာ ဟိုတယ် စီမံခန့်ခွဲရေး လိမိတက် [Shangri-La International Hotel Management Ltd] အနေဖြင့်လည်း  ရန်ကုန်မြို့ရှိ ကန်တော်ကြီး ပတ်လမ်းတွင် ဟိုတယ်နှင့် အဆင့်မြင့် ဇိမ်ခံ တိုက်ခန်းများ တည်ဆောက်လျက် ရှိသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. DKBA ထိန်းချုပ်နယ်မြေအတွင်း မူလတန်းအထိသာ ပညာသင်နိုင်ပြီး လိုအပ်ချက်များစွာရှိနေ
  2. စစ်တပ်နှင့် ရဲက သိမ်းထားသော မြေများအတွက် သမ္မတထံ ကြားဖြတ်အစီရင်ခံစာတင်ပြီး
  3. တိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲမှအချက် ရှစ်ချက် ဆောင်ရွက်ရန် သဘောတူ
  4. ALD နှင့် RNDP ပေါင်း၍ “ရခိုင်အမျိုးသားပါတီ” အဖြစ် မှတ်ပုံတင်မည်
  5. အိန္ဒိယမှ နှလုံးနှင့် မျက်စိအထူးကုဆရာဝန်များ မြန်မာနိုင်ငံသို့ လာရောက်ကုသပေးရန် စီစဉ်
  6. လယ်ယာမြေပိုင်ဆိုင်ကြောင်း ပြေစာရရန် တစ်ဧက သုံးသောင်း ပေးနေရ
  7. မလေးရှား ဒုက္ခသည်စခန်းများရှိ မြန်မာလုပ်သားများ မြန်မာအစိုးရသို့ လွှဲပြောင်းပေးရန် ဆွေးနွေးထား
e-letter-burmese

Who is Online

We have 148 guests online