ဗုဒ္ဓဟူး, ၂၂ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > အိမ်ခြံမြေဈေးကွက်အတွင်း တန်ဖိုးကြီး မြေကွက်များ အရောင်းအ၀ယ်ဖြစ်

အိမ်ခြံမြေဈေးကွက်အတွင်း တန်ဖိုးကြီး မြေကွက်များ အရောင်းအ၀ယ်ဖြစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန်အိမ်ခြံမြေ ဈေးကွက်တွင်းတွင် တန်ဖိုးကြီး မြေကွက်များ အရောင်းအ၀ယ် ထူးထူးခြားခြား ဖြစ်နေသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

“အဲဒီလို တန်ဖိုးကြီး မြေကွက်တွေ ကျပ်သိန်းပေါင်းသောင်းချီ အရောင်းအ၀ယ်ဖြစ်မှုကြောင့် ကျန်တဲ့ မြေကွက်တွေ
ဈေးသိပ်ကျဖို့ မမြင်ဘူး” မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင် ဦးသန်းဦးက မဇ္ဈိမသို့ ပြောသည်။

တန်ဖိုးကြီးမြေကွက်များသာမက အဆင့်မြင့်ဆုံး မြေကွက်အမျိုးအစားဖြစ်သည့် ဘိုးဘွားပိုင်မြေကွက်များလည်း အရောင်းအ၀ယ်ဖြစ်ခဲ့သည်ဟု ၀ါရင့်အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။ အဆိုပါမြေကွက်များမှာ တကွက်
လျှင် ကျပ်သိန်းပေါင်း သောင်းဂဏန်းများနှင့် မြေကွက် လေးငါးကွက်ခန့် အရောင်းအ၀ယ်ဖြစ်ခဲ့သည်ဟု အိမ်ခြံမြေ အကျိုးဆောင်များမှ သုံးသပ်သည်။

ယခုနှစ် ဇန်န၀ါရီလအတွင်းတွင် ကျပ်သိန်းထောင်ဂဏန်းတန် မြေကွက်များနှင့် ကျပ်သိန်း ရာဂဏန်းတန် မြေကွက်
များလည်း အရောင်းအ၀ယ်ဖြစ်ခဲ့သည်။

ဧရာဝဏ် နှင့်ရတနာ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများကို မြန်ဆန်စွာ အကောင်အထည်ဖော်မည် ဆိုသည့် သတင်း
များထွက်ပေါ် လာမှုနှင့်အတူ ပါမစ်မြေကွက်များ အရောင်းအ၀ယ်သွက်နေသည် ဟု ကျောက်တံတား မြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်တဦးက ပြောသည်။

၎င်းက “၂၀၁၃ ဧပြီမတိုင်ခင် အကောင်အထည်ဖော်ဖို့ သီလ၀ါစီမံကိန်းအတွက် လုပ်သား လိုအပ်ချက်တွေ ထုတ်ပြန်
မှုနဲ့အတူ စီမံကိန်းကြီး သေချာဖြစ်ပေါ်တော့မယ် ဆိုတဲ့ ယုံကြည်မှုတွေကြောင့် အရောင်းအ၀ယ်တွေ ပိုဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဇန်န၀ါရီ လလယ်ပိုင်းက ထုတ်ပြန်ခဲ့သည့် ယုဇနမြို့တော် အနီးတွင် ရန်ကုန် ဟိုတယ်ဇုန် လုပ်ကိုင်မည် ဆိုသည့် ထုတ်ပြန်ချက်ကြောင့် ဒဂုံဆိပ်ကမ်းနှင့် ဒဂုံ အရှေ့ မြေကွက်များ ယခင်ပေါက်ဈေးထက် ဈေးပိုပေး ၀ယ်ယူမှုများ ရှိနေ
သည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

“ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ် လမ်းမကြီးဘေး ၀ဲယာ မြေကွက်တွေဆို မိုးလယ်လောက်က ပေ ၄၀×၆၀ တကွက်ကို ကျပ် သိန်း၅၅၀နဲ့ ၇၀၀ကြားလောက်ပဲ ရှိခဲ့ရာက အခုဆိုသိန်းတထောင်လောက် ဈေးမြင့်ခေါ်လာကြတယ်” ဟု  ဒဂုံ
မြေကွက် များအရောင်းအ၀ယ် လုပ်ကိုင်နေသည့် အကျိုးဆောင် ဦးသန့်စင်ဦးက မဇ္ဈိမကိုပြောသည်။

ညောင်နှစ်ပင်ဘက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် အတူအီလက်ထရွန်းနစ် ပစ္စည်း ထုတ်လုပ်မည့် စက်ရုံတခု လုပ်ကိုင်မည် ဆိုသည့် သတင်းကြောင့်လည်း ညောင်နှစ်ပင် ပတ်ဝန်းကျင် မြေကွက်များ၊ ထောက်ကြံ့ မှော်ဘီ မြို့နယ်
အပိုင် မြေကွက်များကို ဧကကွက်များအလိုက် အရောင်းအ၀ယ်ရှိခဲ့သည်ဟု ဦးသန့်စင်ဦးမှ ပြောသည်။

၎င်းက “အရှေ့ဒဂုံဘက်ထဲက ဧက ၁၅၀-၂၀၀ လောက်ကျန်နေတဲ့ မြေကွက်လွတ်မှာ ဟိုတယ်ဇုန် လုပ်မယ်လို့ သတင်းထုတ်ပြန်မှုနဲ့ အတူ ဒီရက်ပိုင်းတွေမှာတော့ ဒဂုံစလစ်မြေကွက်တွေ အရောင်းအ၀ယ် အတော်သွက်လာပါ
တယ်” ဟုပြောသည်။

မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်ပတ်ဝန်းကျင်ကို ရန်ကုန်မြို့၏ ဒုတိယ အထူးစီးပွားရေး ဖွံ့ဖြိုးမှုဇုန် အကောင်အထည်
ဖော်မည့်သတင်းကြောင့် မင်းဓမ္မလမ်းပေါ်ရှိ မြေကွက်များ ၊ ကျောက်မျက် ပြပွဲ ကျင်းပသည့် နေရာဝန်းကျင်နှင့် ကျိုက်ဝိုင်းဘုရားလမ်းပေါ်ရှိ မြေကွက်များ အမြင့်ဈေးဖြင့် ဈေးကွက် လှုပ်ရှားခဲ့သည်ဟု အဆိုပါ အိမ်ခြံမြေ အကျိုး
ဆောင်များမှ သုံးသပ်သည်။

လက်ရှိ အိမ်ခြံမြေ ဈေးကွက်မှာ နေရာဒေသ ကွက်ပြီး ဈေးကွက်လှုပ်ရှားမှု ရှိနေပြီး လှုပ်ရှားသည့် နေရာများမှာလဲ အမြင့်ဈေးများနှင့် လှုပ်ရှားနေခြင်းဖြစ်သည်ဟု မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်မှ ဦးသန်းဦးက သုံးသပ်သည်။

၎င်းက “ ၂၀၁၂ ဒီဇင်ဘာ လကုန်ပိုင်းကစပြီး အရောင်းအ၀ယ် အစပျိုးလာတာဟာ ဇန်န၀ါရီလထဲမှာ ပြန်ပြီး
ဈေးကွက်ပြန်လှုပ်ရှားမှု ရှိလာတယ်ဆိုတာ သတိပြုကြည့်ရင် တွေ့ရမှာ ဖြစ်ပါတယ်”ဟုပြောသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 446 guests online