ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > မဲဆောက် အထူးစီးပွါးရေးဇုန် တည်ထောင်ရန် ထိုင်းအစိုးရ အတည်ပြု

မဲဆောက် အထူးစီးပွါးရေးဇုန် တည်ထောင်ရန် ထိုင်းအစိုးရ အတည်ပြု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်တွင် အထူးစီးပွါးရေးဇုန် တခု တည်ထောင်ရန် အဆိုပြုချက်ကို ထိုင်း ကက်ဘိနက် ဝန်ကြီးများအဖွဲ့က ဇန်နဝါရီလ ၂၀ ရက်နေ့က အတည်ပြုလိုက်သည်။

ထိုင်းနယ်စပ်ဖက်မှ မဲဆောက် လမ်းမြင်းကွင်း တနေရာ။ (ဓာတ်ပုံ - Ron Raffety / Flickr)
ထိုင်းနယ်စပ်ဖက်မှ မဲဆောက် လမ်းမြင်းကွင်း တနေရာ။ (ဓာတ်ပုံ - Ron Raffety / Flickr)
၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ဖွဲ့စည်းရေးကို အထောက်အကူပြုရန် နှင့် အရှေ့-အနောက် စီးပွားရေး လမ်းမကြီး (East-West Economic Corridor) အစီအစဉ်ကို အထောက်အကူပြုရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ အမျိုးသား စီးပွါးရေးနှင့် လူမှု ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ (NESDB) က အထူးစီးပွါးရေးဇုန် တည်ထောင်ရန် စီမံကိန်းကို အဆိုပြုခြင်း ဖြစ်သည်။

အဆိုပြုချက် မူကြမ်းအား Uttaradit တွင် ပြုလုပ်ခဲ့သည့် ကက်ဘိနက် အစည်းအဝေးတခုတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ကက်ဘိနက် အဖွဲ့က ထောက်ခံထားသည့် စီမံကိန်း စည်းမျဉ်း စည်းကမ်းများအရ အထူးစီးပွါးရေးဇုန်တွင် မဲဆောက် ခရိုင် တခုလုံး သို့မဟုတ် မဲဆောက်ခရိုင်၏ အစိတ်အပိုင်းတခု ပါဝင်နိုင်သည်ဟု ထိုင်းအစိုးရ ပြောရေးဆိုခွင့် ရှိသူ မစ္စတာ Tossaporn Serirak က ဆိုသည်။

ဒေသတွင်း နိုင်ငံများ၏ စီးပွါးရေးကို ၂၀၁၅ ခုနှစ်တွင် တပေါင်းတစည်းတည်း ဖြစ်လာစေမည့် ဒေသတွင်း အကောက်ခွန် လုပ်ထုံးလုပ်နည်းများ တပြေးညီ ဖြစ်စေရေး ASEAN Single Window စနစ်နှင့် သဟဇာတဖြစ်မည့် one-stop (တနေရာတည်း အပြီး) ဝန်ဆောင်မှု စနစ်ကိုလည်း အထူး စီးပွါးရေးဇုန်အတွင်း အကောင်အထည်
ဖော်သွားမည်ဟု သူက ဆိုသည်။

ထိုင်းဝန်ကြီးချုပ်သည် အထူး စီးပွါးရေးဇုန် မူဝါဒ ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မည် ဖြစ်ပြီး စီမံကိန်းအား ထိုကော်မတီက ကြီးကြပ် အကောင်အထည် ဖော်ရမည် ဖြစ်သည်။

ကနဦးတွင် ထိုစီးပွါးရေးဇုန်အား မဲဆောက် ခရိုင် အတွင်းရှိ Mae Pa ဒေသ နှင့် Tha Sai Luad ဒေသ များတွင် တည်ထောင်မည် ဖြစ်ကာ ထိုဇုန်အတွင်းတွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအား နယ်နိမိတ် ခွဲခြားထားသော သောင်ရင်း
မြစ် အနီး ဧရိယာ ၅,၆၀၀ rai (၈.၉၆ စတုရန်း ကီလိုမီတာ) ပါဝင်မည် ဖြစ်သည်။

သောင်ရင်းမြစ်ကို ဖြတ်၍ ဆောက်လုပ်ထားသည့် ပထမမြောက် ချစ်ကြည်ရေး တံတား တည်ရှိပြီး ဖြစ်သော်လည်း ယာဉ်ပိတ်ဆို့မှုကို သက်သာစေရန် ရည်ရွယ်၍ ဒုတိယမြောက် ချစ်ကြည်ရေး တံတားကို ထိုမြစ်ကို ဖြတ်၍
ဆောက်လုပ်မည် ဖြစ်သည်။

စက်ရုံ အလုပ်ရုံ ဆိုင်ရာ အဆောက်အဦများကိုလည်း တည်ဆောက်သွားမည် ဖြစ်ကာ တက်ခ် ခရိုင် အာဏာပိုင်များ၊ ပုဂ္ဂလိက ကဏ္ဍ၊ ထိုင်းနိုင်ငံ စက်မှု အဆောက်အဦ အာဏာပိုင်များ နှင့် အကောက်ခွန်ဌာနတို့မှ ပူးတွဲ၍ လုပ်ငန်း
လည်ပတ်မည် ဖြစ်သည်။

အထူးစီးပွါးရေးဇုန်တွင် သယ်ယူ ပို့ဆောင်ရေးနှင့် ပတ်သတ်သည့် အခြေခံ အဆောက်အအုံများ၊ ဖြန့်ချီရေးဌာနများ၊ အခွန်လွတ် ဒေသများ၊ ကုန်လှောင်ရုံများ၊ ဝန်ဆောင်မှု ဌာနများ၊ အကောက်ခွန် စစ်ဆေးရေး ဌာနများ စသည်ဖြင့် ပါဝင်ကြမည် ဖြစ်သည်။

မဲဆောက် စက်မှုစီးပွါးရေးရုံး ၏ သုတေသန ရလဒ်များအရ ထိုဒေသသည် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး ၏ အဓိက အချက်အခြာ ကျသော ဒေသတခု ဖြစ်၍ စီးပွါးရေး ဖွံ့ဖြိုးမှုအတွက် ဖြစ်နိုင်ချေများ ခိုင်ခိုင်မာမာ ရှိနေသည်ဟု သိရသည်။

အဝတ်အထည် စက်ရုံများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီး စည်သွပ်ဗူး စက်ရုံများ၊ သစ်မာလုပ်ငန်း နှင့် ပရိဘောဂ လုပ်ငန်းများ စသည့် အလုပ်သမား အများအပြား လိုအပ်သည့် ကဏ္ဍများအား အထူး စီးပွါးရေးဇုန်က အကျိုးရှိစေလိမ့်
မည်ဟုလည်း သုတေသန ရလဒ်များက ဆိုသည်။

လွန်ခဲ့သည့် နှစ်က မဲဆောက်ဒေသကို ဖြတ်သန်း၍ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှုမှာ ထိုင်းဘတ်ငွေ ၃၀ ဘီလီယံ (ဒေါ်လာ ၁ ဘီလီယံဝန်းကျင်) အထိရှိခဲ့ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် အမြင့်ဆုံး ဖြစ်သည်ဟု သိရသည်။

သို့ရာတွင် ထိုင်းအစိုးရ အနေဖြင့် ဖွံ့ဖြိုးရေး လုပ်ကိုင်ရန်အတွက် စီမံကိန်း၏ အချို့ဒေသများတွင် ကြိုးဝိုင်း သစ်တော ကာကွယ်ရေး စည်းမျဉ်း ဥပဒေများကို ရုပ်သိမ်းရန် လိုအပ်ကောင်း လိုအပ်လိမ့်မည်ဟု မစ္စတာ Tossaporn က ဆို
သည်။

ကက်ဘိနက် အစည်းအဝေးတွင် အထူးစီးပွါးရေးဇုန် စီမံကိန်းအပြင် မဲဆောက်ရှိ အခြား ဖွံ့ဖြိုးရေး စီမံကိန်းများကို
လည်း မူအားဖြင့် အတည်ပြုခဲ့ကြကြောင်း တက်ခ်အုပ်ချုပ်ရေးမှူး Suriya Prasartbandit က ဆိုသည်။  

ထိုစီမံကိန်းများတွင် ဥမင်လှိုဏ်ခေါင်း စီမံကိန်းတခု၊ ရထားပို့ဆောင်ရေး စီမံကိန်း တခု၊ လေးလမ်းသွား တက်ခ်-မဲဆောက် အဝေးပြေးလမ်း၊ လေယာဉ်ကွင်း စီမံကိန်း တခုနှင့် စက်မှု အခြေခံ အဆောက်အဦးများ ဆောက်လုပ်ရေး စီမံကိန်းများ ပါဝင်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 68 guests online