ကြာသပတေး, ၂၃ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ထိုင်းဝန်ကြီးချုပ်ဟောင်းနှင့် လုပ်ငန်းရှင်များ မွန်ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေး

ထိုင်းဝန်ကြီးချုပ်ဟောင်းနှင့် လုပ်ငန်းရှင်များ မွန်ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ)။   ။ ထိုင်း ဝန်ကြီးချုပ်ဟောင်း ချာဗလစ် ယောင်ချိုင်ယုဒ် (Chavalit Yougchaiyudh) ဦးဆောင်
သည့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များသည် မွန်ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက်
ပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်သည့် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် အင်္ဂါနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုင်း ဝန်ကြီးချုပ်ဟောင်းနှင့် ထိုင်း စီးပွားရေး လုပ်ငန်းရှင် ၂၂ ဦးတို့သည် နံနက် ၉ နာရီ ဝန်းကျင်တွင် မော်လမြိုင်
လေဆိပ်သို့ ရောက်ရှိခဲ့ကြကာ ပြည်နယ် အစိုးရရုံးတွင် ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီးနောက် မော်လမြိုင်
မြို့ရှိ ငွေမိုး ဟိုတယ်တွင် ဒေသတွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း ၃ နာရီကြာ အလွတ်သဘော ဆွေးနွေးခဲ့
ကြသည်။

ဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေး၊ ကုလားဂုတ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး၊ မော်တော်ကားလမ်း
ဖောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ ဘန်ကောက်-မော်လမြိုင် လေကြောင်း ပြေးဆွဲရေး
နှင့် မော်လမြိုင် လေဆိပ် ပြန်လည် ပြုပြင်မွမ်းမံရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့
သည့် စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

“ကျနော်တို့မှာ မလည်ပတ်တော့တဲ့ စက္ကူစက်တို့၊ သကြားစက်တို့၊ ပန်းကန်စက်တို့ကိစ္စတွေကို ဆွေးနွေးဖြစ်ပါတယ်။ ထိုင်း စီးပွားရေး လုပ်ငန်းရှင်တွေက ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ၊ ဆောက်လုပ်ရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ ရာဘာ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ရင်းနှီးဖို့ စိတ်ဝင်စားကြတယ်” ဟု သမိန်ဗရမ်း ဝန်ဆောင်မှု ကုမ္ပဏီ လိမိတက်မှ ဒါရိုက်တာ နိုင်ကွန်းချမ်း က ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း ချာဗလစ် ယောင်ချိုင်ယုဒ် အနေနှင့် မြန်မာနိုင်ငံတဝှမ်းတွင် ဒေါ်လာ သန်း နှစ်သောင်း ရင်းနှီး
မြှုပ်နှံရန် ရည်ရွယ်ထားပြီး မွန်ပြည်နယ်ကို ဦးစွာ ရွေးချယ်လျာထားကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ဟု Mon and Thamakron Group ကုမ္ပဏီမှ နိုင်လရီရော့ဒ် က ပြောသည်။

ထိုင်း ဝန်ကြီးချုပ်ဟောင်းအဖွဲ့သည် မကြာမီ နိုင်ငံတော် အစိုးရနှင့် ဆက်လက်တွေ့ဆုံမည် ဖြစ်ပြီး ယခုနှစ်အတွင်း
နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးနိုင်လိမ့်မည်ဟု ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း နိုင်လရီရော့ဒ် က ပြောသည်။

“အခုက လာကြည့်တာ၊ လာညှိနှိုင်းတာပေါ့ဗျာ။ နေပြည်တော် အစိုးရနဲ့ ညှိနှိုင်းပြီး နောက်တခေါက် ထပ်လာရင် MoU လက်မှတ်ထိုးမယ်လို့ ပြောတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် ကလည်း ထိုင်း စီးပွားရေး လုပ်ငန်းရှင်များ မွန်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံရန်
အတွက် လာရောက်တွေ့ဆုံသည်ကို ကြိုဆိုကြောင်းနှင့် နောက်ထပ်လည်း ဖိတ်ခေါ်လိုကြောင်း ပြောသည်။

ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမည် ဆိုပါက အလုပ်လက်မဲ့ ပြဿနာများ ပြေလည်နိုင်မည် ဖြစ်ပြီး လူနေမှုအဆင့်အတန်းလည်း မြင့်မားလာလိမ့်မည်ဟု မွန်ပြည်နယ် စီးပွားရေး လုပ်ငန်းရှင်များက မျှော်လင့်ကြသည်။

“နိုင်ငံခြားကို ကုန်ကြမ်း ပို့စရာ မလိုဘဲနဲ့၊ ဥပမာ ရာဘာကိစ္စတွေလို ကုန်ချော ထုတ်လုပ်နိုင်တဲ့အတွက် ကျနော်တို့
အတွက် အများကြီး အဆင်ပြေစရာ ရှိပါတယ်။ အခု ကျနော်တို့မှာ လျှပ်စစ်ကို ၂၄ နာရီ မရတဲ့အတွက် စက်မှုလုပ်ငန်း
တွေဟာ ထင်သလောက် လုပ်လို့ မရဘူး။ လျှပ်စစ်ကို မွန်ပြည်နယ်မှာ အပြည့်အဝ ပေးနိုင်မယ်ဆိုရင် စက်မှုလုပ်ငန်း
တွေ အများကြီး လုပ်နိုင်တဲ့အတွက် လူနေမှု အဆင့်အတန်းတွေ ပြောင်းလဲလာမယ်လို့ မျှော်လင့်တယ်” ဟု
နိုင်ကွန်းချမ်း က ပြောသည်။

တွေ့ဆုံပြီးနောက် ထိုင်း ဝန်ကြီးချုပ်ဟောင်းနှင့် အဖွဲ့သည် မော်လမြိုင်ရှိ ကျိုက်သံလံဘုရားသို့ ဝင်ရောက်ဖူးမြော်ကာ ညနေပိုင်းတွင် မွန်ပြည်နယ်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 73 guests online