တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ထိုင်းမြန်မာ ကုန်သွယ်ရေး နှစ်စဉ် ၂၅ ရာခိုင်နှုန်း တိုးတက်နေဟုဆို

ထိုင်းမြန်မာ ကုန်သွယ်ရေး နှစ်စဉ် ၂၅ ရာခိုင်နှုန်း တိုးတက်နေဟုဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ထိုင်း၊ မြန်မာ နှစ်နိုင်ငံ၏ အဓိက ကုန်သွယ်မှု လမ်းကြောင်းမှာ နယ်စပ်ကုန်သွယ်ရေးမှဖြစ်ပြီး ၈၅ ရာခိုင်နှုန်းရှိကာ
နှစ်စဉ် ၂၅ ရာခိုင်နှုန်း တိုးတက်လျက်ရှိနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန တာဝန်ရှိသူတစ်ဦး
က ပြောသည်။

“ထိုင်းမြန်မာ ကုန်သွယ်မှုက ၂၀၁၁ ခုနှစ်မှာ ဒေါ်လာ ၆.၁ ဘီလီယံ ရှိနေပြီး၊ နှစ်အလိုက် နှိုင်းယှဉ်ရင် ၂၅ % တိုးတက်နေပါတယ်။ ကုန်သွယ်မှုရဲ့ ၈၅ % က နယ်စပ်ကုန်သွယ်မှုက သွားတာဖြစ်ပါတယ်” ဟု ပြောသည်။

ထိုင်း၊ မြန်မာ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုကို ၂၀၁၅ ခုနှစ် အာဆီယံစီးပွားရေးအသိုက်အ၀န်း အစီအစဉ်အရ သုံးဆ မြှင့်တင်ရန် ရည်မှန်းထားသည်ဟုလည်း အထက်ပါ အရာရှိက ပြောသည်။

ကုန်သွယ်မှုကို မြှင့်တင်ရန် ပူးတွဲကုန်သွယ်မှု ကော်မရှင်ကတဆင့် ဆောင်ရွက်သွားကြမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်
ရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ဒေသများတွင် ကုန်စည်ပြပွဲများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
နှစ်နိုင်ငံစလုံးတွင် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ရန် ကုန်သည်များနှင့် ရင်းနှိးမြှုပ်နှံသူများကိုလည်း အပြန်အလှန်
စေလွှတ်သွားမည်ဖြစ်သည်။

ထို့အပြင် ဘတ်ငွေ -ကျပ်ငွေ ဖလှယ်နှုန်းကို တည်ငြိမ်စေရန် ထိန်းညှိကြမည်ဖြစ်ပြီး ထိုင်းမြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု လွယ်ကူစေရေးအတွက် မောတောင်နယ်စပ်ကုန်သွယ်ရေး စခန်းကိုလည်း ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်သည်။

၂၀၁၁- ၁၂ ဘဏ္ဍာနှစ်အတွင်း မြန်မာ၊ ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နယ်စပ်ကုန်သွယ်မှုမှာ တာချီလိတ် စခန်းမှ အမေရိကန်ဒေါ်လာ ၄၅.၈၇၈ သန်း၊မြ၀တီစခန်းမှ အမေရိကန်ဒေါ်လာ၂၄.၅၂၅ သန်း၊ ကော့သောင်းစခန်းမှ အမေရိကန်ဒေါ်လာ ၁၂၁.၉၀၉ သန်း၊ မြိတ်စခန်းမှ အမေရိကန်ဒေါ်လာ ၁၃၄.၉၉၂ သန်း ကုန်သွယ်မှုရှိခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၏ မှတ်တမ်းများအရသိရသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 88 guests online