ဗုဒ္ဓဟူး, ၂၂ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ၂၀၁၂၊ ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆန်နှင့် ဆန်ထွက်ပစ္စည်း ၁.၂ သန်း တင်ပို့ရန် မျှော်မှန်း၊ ၄၆ နှစ်အတွင်း အများဆုံးဖြစ်မည်

၂၀၁၂၊ ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆန်နှင့် ဆန်ထွက်ပစ္စည်း ၁.၂ သန်း တင်ပို့ရန် မျှော်မှန်း၊ ၄၆ နှစ်အတွင်း အများဆုံးဖြစ်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

၂၀၁၂၊ ၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် ဆန်နှင့် ဆန်ထွက်ပစ္စည်းတန်ချိန် ၁.၂ သန်းကျော်ကို ပြည်ပသို့ တင်ပို့မည်ဖြစ်ခြင်းကြောင့် ၄၆ နှစ်အတွင်း တင်ပို့မှုအများဆုံးအဖြစ် စံချိန်တင်နိုင်မည်
ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝန်ရေး ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

"ဒီဇင်ဘာလကုန်အထိ  ဆန်နှင့် ဆန်ထွက်ပစ္စည်း တန် ၁.၀၁ သန်း တင်ပို့ နိုင်ခဲ့ပါတယ်။ ကျန်သုံးလပါ ဆက်ပြီး
တင်ပို့မယ်ဆိုရင်  ဘဏ္ဍာနှစ်ကုန်မှာ ဆန်နှင့် ဆန်ထွက်ပစ္စည်း ၁.၂ သန်း ပိုပြီး တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ ၄၆ နှစ်
အတွင်း အများဆုံး တင်ပို့မှုအဖြစ် စံချိန်တင်နိုင်မှာပါ။" ဟု ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြုလုပ်သည့် အရန်ဆန် ဝယ်ယူရေးနှင့် ဆန်စပါး ပြည်ပဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေး အစည်းအဝေးတွင် ပြောသွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုတွင် အဓိက အားဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေပြီး အိန္ဒိယသို့လည်း တင်ပို့မှုများ ရှိခဲ့
သည်ဟု မန္တလေးအခြေစိုက် ဆန်ကုန်သည် ဦးမျိုးသက်ကပြောသည်။

"တရုတ်ဘက်ကျတော့ လမ်းပန်းဆက်သွယ်ရေး သာတာရယ် ဈေးပိုရတာရယ်ကြောင့် တင်ပို့မှုပိုများနေတာပါ။" ဟု ဦးမျိုးသက်က ပြောသည်။

မြန်မာနိုင်ငံမှ ဆန်များကို ပင်လယ်ရေကြောင်းမှ အင်ဒိုနီးရှား၊ ဘင်္ဂလာဒေ့ရှ်၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ရုရှား၊ အာဖရိက နိုင်ငံများသို့တင်ပို့လျက်ရှိနေသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့မှုအနေနှင့် ၁၉၆၄-၆၅ တွင် ဆန်တန် ၁.၁၇၆ သန်း၊ ၁၉၇၃-၇၄ တွင် ဆန်တန် ၀.၁၉၆ သန်း၊ ၁၉၇၄-၇၅ မှ ၁၉၈၈-၈၉ အထိ တန်ချိန် ၀.၁၆၆ သန်းမှ ၀.၇၈၇ သန်းအထိ တင်ပို့မှု ရှိခဲ့သည်။

၁၉၉၅-၁၉၉၆ ဘဏ္ဍာနှစ်တွင် ဆန်နှင့်ဆန်ထွက်ပစ္စည်း တန် ၁.၀၆ သန်း၊ ၂၀၀၁-၂၀၀၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁.၀၃ သန်း၊ ၂၀၀၂-၀၃ တွင် ဆန်တန် ၀.၀၂၄ မှ ၁.၀၄ သန်းအထိ ရှိခဲ့သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 112 guests online