မြန်မာနိုင်ငံရှိ ရေငန်ပုစွန်ကျားမွေးမြူမှု ပြန်လည်ဦးမော့ရန်အတွက် လိုအပ်ချက်များရှိနေသေးပြီး မိရိုးဖလာမွေးမြူ
မှုအစား သိပ္ပံနည်းကျမွေးမြူရန်လိုအပ်ကြောင်း ပုစွန်မွေးမြူရေး လုပ်ငန်းရှင်များက ပြောသည်။
“ထိုင်းနိုင်ငံက သိပ္ပံနည်းကျမွေးမြူတဲ့အတွက် တဧကကို ငါးတန်ကနေ ခုနှစ်တန်အထိ ထုတ်လုပ်နိုင်ပါတယ်။
ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းတွေ မွေးမြူတဲ့ဒေသတွေမှာ တည်ထောင်ဖို့၊မွေးကန်မှာ လေရအောင် ပယ်ရယ်ဝှီး
မောင်းပေးဖို့ ၂၄ နာရီ လျှပ်စစ်မီးရနေဖို့ လိုပါတယ်။သားဖေါက်စခန်းတွေ ၄၀-၅၀ လောက်လိုပါတယ်။ လက်ရှိ ရှိနေတဲ့ စခန်းတွေအနေနဲ့ မလုံပါဘူး။ထိုင်းမှာတော့ သားဖေါက်စခန်း ၂၀၀ လောက်ရှိနေပါတယ်” ဟု ဂျပန်နိုင်ငံသို့ ပုစွန်တင်ပို့နေသည့် ရွှေယမုံအအေးခန်းစက်ရုံမှ လုပ်ငန်းရှင် ဦးထွန်းအေးက ပြောသည်။
ယခုအခါ ယင်းပုစွန်ကျားဈေးကွက်မှာ ဈေးကောင်းလာခြင်း အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံတို့ လူလတ်တန်းစားဦး
ရေတိုးလာခြင်းတို့ကြောင့် ဈေးကွက်အလားအလာ ကောင်းလာသော်လည်း ငွေကြေးအရင်းအနှီး မတတ်နိုင်၍ လုပ်ငန်းများ ပြန်လည် စတင်နိုင်ခြင်းမရှိသေးဟုဆိုသည်။
“ကျွန်တော်တို့အနေနဲ့ မိရိုးဖလာနည်းနဲ့ပဲ မွေးနေပါတယ်။ ပင်လယ်ရေ တက်လာချိန်မှာ ကန်ပိတ်မွေးမြူတဲ့စနစ်နဲ့
မွေးတာ။ တဧကကို ငါးပိဿကနေ ခုနှစ်ပိဿာအကြား ထွက်ပါတယ်။တစ်ပိုင်တစ်နိုင်အနေနဲ့ ဆက်မွေးဖြစ်ပါ
တယ်။” ဟု ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှ ရေငန်ပုစွန် မွေးမြူသူ ဦးမြင့်သိန်းက ပြောသည်။
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ရေငန်ပုစွန်လွှတ်ကွင်းကျယ် မွေးမြူရေးစနစ်မှာလည်း ကန်ပြု ပြင်ရန်
ခက်ခဲခြင်း မွေးမြူရေးစနစ် မပြောင်းနိုင်ခြင်းတို့ကြောင့် မူလထွက်နှုန်းမှာ တစ်ဧက (၂၀ ပိဿာ ) မှ ယခုအခါ တစ်ဧက ပျမ်းမျှ (ငါး ပိဿာ )၀န်းကျင်သာ ထွက်ရှိသည်။
မြန်မာနိုင်ငံတွင် ရေငံပုစွန်ကျားကို ၁၉၉၈ ခုနှစ်မှ စတင် ၂၀၀၃ ခုမှစ၍ White Virus ရောဂါ ကျရောက်သော
ကြောင့် မွေမြူရေး အရှိန် အဟုန် တန့်သွားသဖြင့် ပုစွန်မွေးမြူရေး စီမံခန့်ခွဲမှုအသစ်များနှင့် အစားထိုးဆောင်ရွက်ခဲ့
ရသည်ဟု မြန်မာနိုင်ငံ ပုဇွန်မွေးမြူရေး အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံမှ တင်ပို့နေသည့် ရေငန်ပုစွန် တကီလိုလျှင် ၁၀ ဒေါ်လာမှ ၁၅ ဒေါ်လာအတွင်း ရရှိနေကြောင်းသိရ
သည်။










