ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ကုမ္ပဏီ အဖွဲ့များကို မတည်ငွေ ကျပ် သန်း ၃၀ ဖြင့် နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ပြု

ကုမ္ပဏီ အဖွဲ့များကို မတည်ငွေ ကျပ် သန်း ၃၀ ဖြင့် နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ပြု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်မဟုတ်သော ကုမ္ပဏီ အဖွဲ့အစည်းများကို ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်၍ မတည်ငွေ ကျပ်သန်း ၃၀ ဖြင့် နိုင်ငံခြားငွေ ရောင်းဝယ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၈၃ နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၂ ပါ စီမံခန့်ခွဲပိုင်ခွင့်များကို ကျင့်သုံးလျက် လိုင်စင်များကို စတင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

လိုင်စင်လျှောက်ထားသူသည် ငွေရင်းနှင့် ယင်းငွေများကို မည်သို့ရရှိမည်ဆိုခြင်း၊ မျှော်မှန်းထားသည့် အကျိုးအမြတ်၊ လုပ်ငန်းအတွက် စီမံခန့်ခွဲမည့်ပုဂ္ဂိုလ်၏ အရည်အချင်းနှင့် ကျွမ်းကျင်မူ စသည်တို့နှင့်အတူ လျှောက်ထားရမည်
ဖြစ်သည်။

“လိုင်စင် လျှောက်ထားဖို့အတွက် ကနဦး မတည်ငွေ အနည်းဆုံး ကျပ်သန်း ၃၀ ထည့်ဝင် လုပ်ကိုင်ရပါမယ်။ အဲဒီ
ငွေရင်းကို နိုင်ငံခြားငွေ ရောင်းဝယ်ခွင့် လိုင်စင်ရ ဘဏ်တခုမှာ စာရင်းဖွင့် ထည့်သွင်းရပါမယ်။ အကယ်၍ ငွေလဲ
ကောင်တာ တခုထက်မက လုပ်ကိုင်လိုရင် ကောင်တာ တခုစီအတွက် မတည်ငွေရင်း ကျပ် ၁၀ သန်းစီ ထပ်မံ ထည့်ဝင်ရမှာ ဖြစ်ပါတယ်” ဟု ဗဟိုဘဏ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်အဲဖေါ က ပြောသည်။

လျှောက်ထားသူသည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းထားသည့် ကုမ္ပဏီ ဖြစ်ရမည်ဖြစ်ပြီး နိုင်ငံခြား
ငွေများ ရောင်းဝယ်မှု လုပ်ငန်းအတွက် ဈေးကွက်ရှိမှု၊ ဖောက်သယ်များ စိတ်ဝင်စားမှု ရှိခြင်းတို့ကို ဖေါ်ပြရမည်
ဖြစ်သည်။

ထို့အတူ စာရင်းထားသိုပုံစနစ်၊ အသုံးပြုမည့် ငွေကြေးများနှင့် နောက်ခံ အကြောင်း အချက်များ၊ သတင်းအချက် အလက်များ၊ စုဆောင်း ရယူပုံစနစ်၊ နိုင်ငံခြားငွေများ ရေတွက်ခြင်း၊ စစ်ဆေးခြင်း၊ အတုခွဲခြားခြင်းတို့အတွက် ပြည့်စုံ လုံလောက်သော အစီအမံများ ထားရှိခြင်းတို့ကို စီစဉ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။ တရားမဝင်သော နည်းလမ်းဖြင့် ရရှိသော ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေနှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေတို့ကို သိရှိနားလည်၍ လိုက်နာဆောင်ရွက်မည်ဟု ဝန်ခံကတိ ပြုရမည် ဖြစ်သည်။

“ဗဟိုဘဏ်ကနေ ကုမ္ပဏီ အဖွဲ့အစည်းတွေကို နိုင်ငံခြားငွေ ရောင်းဝယ်ခွင့် ပေးလိုက်တာ ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံခြားသား ဝင်ရောက်မူက တနေ့တခြား ပိုပိုများလာတဲ့အတွက် ဒေါ်လာရောင်းတဲ့သူက တိုးတိုးလာတယ်။ ဘဏ်တွေချည်းပဲ ရောင်းခွင့် ပေးထားရင် ဘဏ်ဆိုတာ ဖွင့်ချိန် ပိတ်ချိန်ရှိနေတော့ အကန့်အသတ် လို ဖြစ်နေတယ်။ အခုလိုဘဏ်မဟုတ်တဲ့ အပြင်လူတွေကို ခွင့်ပြုလိုက်တဲ့အတွက် ပြည်ပနိုင်ငံတွေမှာလို အချိန်မရွေး
ငွေလဲနိုင်သွားမယ်” ဟု အာရှ စိမ်းလန်းဖွံ့ဖြိုးမှုဘဏ်မှ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်လွင်ရွှေ က သုံးသပ်ပြောဆိုသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. လယ်ယာလုပ်ငန်း အာမခံထားနိုင်ရန် ဂျပန်က နည်းပညာ ထောက်ပံ့မည်
  2. ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းတွင် အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးများ ချထားပေး
  3. ပုသိမ်မှာ လူငယ်ဖွံ့ဖြိုးရေး သင်တန်းဖွင့်လှစ်
  4. ထိုင်းနိုင်ငံက ဆင်ဖြူတော် ငှားရမ်းမှု နိုင်ငံခြားရေးဝန်ကြီး ငြင်းဆန်
  5. ရုပ်သံ စတူဒီယို တည်ဆောက်မည့်မြေ ရောင်းချခြင်းအတွက် ဈေးနှုန်းသတ်မှတ်ရန် ဆွေးနွေး
  6. သတင်းမှားယွင်းသည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံပိုင်သတင်းစာက ပြန်လည်ဖြေရှင်းရန် Daily Eleven က တောင်းဆို
  7. ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် ဒေသခံများနှင့် ဆွေးနွေးမည်
e-letter-burmese

Who is Online

We have 207 guests online