ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > အာဆီယံ ကုန်သွယ်ရေးဇုန် တနှစ်ရွှေ့ဆိုင်း

အာဆီယံ ကုန်သွယ်ရေးဇုန် တနှစ်ရွှေ့ဆိုင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမသတင်းဌာန ။       ။ အရှေ့တောင်အာရှ နိုင်ငံများအကြား လိုအပ်သော ဗီဇာထိန်းချုပ်မှုများ ရေးဆွဲရေး အပါအဝင် မူဝါဒနှင့် အစီအစဉ်များကို ပြင်ဆင်နိုင်ရန်အတွက် အာဆီယံ စီးပွါးရေး အဝန်းအဝိုင်း (ASEAN Economic Community – AEC) ကို မူလ ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ရန် သတ်မှတ်ထားရာမှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တနှစ် နောက်ဆုတ်လိုက်ရန် ဖနွမ်းပင်တွင် ကျင်းပနေသည့် အာဆီယံ ထိပ်သီးအစည်း အဝေးတွင်
နိုင်ငံအကြီးအကဲများက သဘောတူခဲ့ကြသည်ဟု မီဒီယာများက ထုတ်ဖော် ပြောဆိုကြသည်။

ထိုသို့ ရွှေ့ဆိုင်းလိုက်ကြောင်း အာဆီယံအဖွဲ့ကြီးက တရားဝင် ကြေညာချက်များ ထုတ်ပြန်ခြင်း မပြုသော်လည်း ယခုဆုံးဖြတ်ချက်ကို တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ၂၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး စုံညီအစည်းအဝေးတွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

AEC ကို ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့မှသာ စတင်ရန် အာဆီယံခေါင်းဆောင်များ သဘောတူခဲ့ကြသည်ဟု ဘန်ကောက်ပို့စ် သတင်းစာကြီးက လာအို ဒုတိယဝန် ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး သုန်လုန်ဆီဆိုလစ်သ် (Thongloun Sisoulith) အား ကိုးကား၍ ရေးသားဖော်ပြထားသည်။

AEC ကိုတည်ဆောက်ရန်နှင့် ဆက်သွယ်မှုမြှင့်တင်ရန် အစီအစဉ်များနှင့် လုပ်ငန်း ဆောင်ရွက်ရေး စီမံကိန်းများကို အချိန်မီ အကောင်အထည်ဖော်ကြပါရန် သူ၏ အာဆီယံ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲမိန့်ခွန်းတွင် အိမ်ရှင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင် က ပြောကြားသွားသည်။

“ဤရည်မှန်းချက် အောင်မြင်ရေးအတွက် ၂ဝ၁၅ ခုနှစ် မတိုင်မီ အကောင်အထည် ဖော်ရမည့် အဓိက နယ်ပယ်များ တွင် လိုအပ်သည့် မူဝါရေးရာကိစ္စရပ်များကို ရေးဆွဲချမှတ်ရန် အာဆီယံ ဝန်ကြီးများကို တိုက်တွန်းရန် လိုအပ်နေပါ သည်” ဟု သူက ပြောဆိုသွားသည်။

ထိုနယ်ပယ်များမှာ အခွန်အတုတ် အတားအဆီးများနှင့် အခွန်အတုတ်နှင့် မပတ်သက်သော အတားအဆီးများ၊ ရင်းနှီးမြှုပ်နှံမှု ဖြေလျှော့ရေး၊ ဆက်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား စီးပွါးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အာဆီယံ ပေါင်းစည်းရေးအတွက် ကနဦး ဆောင်ရွက်ချက်များ၊ လုပ်သားများ
ပြောင်းရွှေ့ အလုပ်လုပ်ကိုင်နိုင်ရေးနှင့် ပညာရှင်အဆင့် ဝန်ဆောင်မှု လုပ်ငန်းများ အပြန်အလှန် အသိအမှတ်ပြုရေး လုပ်ဆောင်ချက်များ၊ အင်စတီကျူးရှင်း တည်ဆောက်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ရေးနှင့်  AEC တည်ဆောက်ရေးတွင် အင်စတီကျူးရှင်း ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရေး တို့ ဖြစ်ကြသည်ဟု သူက ပြောသည်။

ဒေသတခုလုံး ဆက်သွယ်မှုလုပ်ငန်းများ မလုပ်ဆောင်မီ အင်ဒိုနီးရှားနိုင်ငံတွင်း ဆက်သွယ်မှုလုပ်ငန်းများ ခိုင်မာ
တောင့်တင်းအောင် လုပ်ဆောင်ရေး၏ အရေးပါမှုကို အင်ဒိုနီးရှား သမ္မတ ဆူဆီလိုဘန်ဘန်ယူဒိုယိုနို က မီးမောင်းထိုး
ပြောကြားခဲ့သည် ဟုလည်း ဂျကာတာဂလုပ် သတင်းစာကြီးက ရေးသားထားသည်။

အာဆီယံ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာလင်ဟုန်ဟင်း က မနီလာ မာကာတီ စီးတီးတွင် ကျင်းပ ခဲ့သည့် စီးပွါးရေးဆွေးနွေးပွဲသို့ တက်ရောက်လာသူများကို “အချို့သော နယ်ပယ်များတွင် တိုးတက်မှုများ ရှိနေသော် လည်း ၂ဝဝ၈-၂ဝ၁၁ ခုနှစ်များအတွင်း အကောင်အထည်ဖော်ရမည့် AEC နှင့်စပ်လျဉ်းသော ကိစ္စများအနက် ၂၈ ရာနှုန်းမှာ ၂ဝ၁၂ ခုနှစ်၊သြဂုတ်လတွင် ရှိနေသည့် အခြေအနေအတိုင်း မပြီးမပြတ် ရှိနေဆဲဖြစ်သည်” ဟု ပြောဆိုခဲ့
ကြောင်း ဖိလိပိုင်နိုင်ငံ GMA News က ရေးသား ဖော်ပြထားသည်။

ဤကိစ္စရပ်များတွင် အကောက်ခွန် ခေတ်မီရေးအတွက် စံသတ်မှတ်ချက်များ ထားရှိရေးနှင့် လိုက်လျောညီထွေ
ဖြစ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့ရေးတို့ ပါဝင်သည့် ကုန်သွယ်ရေး လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ စားသုံးသူ ကာကွယ်ရေး၊ သယ်ယူပို့ဆောင်ရေး သဘောတူညီချက်များကို သက်ဆိုင်ရာ နိုင်ငံများက အတည်ပြုရေးတို့ ပါဝင်သည်ဟု သူက ပြောသည်။

အမျိုးသားအဆင့် ဆုံးဖြတ်ချက်များ၊ စာချုပ်များ၊ နောက်ဆက်တွဲ စာချုပ်များကို လိုက်နာရန် အာဆီယံအဖွဲ့ဝင်များ ပျက်ကွက်ခဲ့သည်ဟုလည်း သူက မှတ်ချက်ချ ပြောကြားသွားသည်။

AEC မှာ အာဆီယံနိုင်ငံများ အဝန်းအဝိုင်းအတွင်း ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ အရင်းအနှီးများ၊ ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ စီးဆင်းလုပ်ကိုင်နိုင်မည့် တခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှုအခြေခံ စီးပွါးရေးဖြစ်ပြီး လူဦးရေ သန်းပေါင်း ၆ဝဝ နှင့် စုစုပေါင်း ပြည်တွင်းအသားတင် ထုတ်ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁.၃ ထရီလီယံရှိမည့် ဈေးကွက်ကြီး ဖြစ်သည်။

အာဆီယံအဖွဲ့ကြီးတွင် ၁ဝ နိုင်ငံပါဝင်ပြီး ၎င်းတို့မှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလိပိုင်၊ စင်္ကာပူ၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံတို့ ဖြစ်ကြသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 66 guests online