တနင်္လာ, ၂၀ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ဒေါ်လာ ၈၉ သန်း တန်ဖိုးရှိ ဆေးဝါးများ နိုင်ငံ သုံးနိုင်ငံမှ မြန်မာသို့ တင်သွင်း

ဒေါ်လာ ၈၉ သန်း တန်ဖိုးရှိ ဆေးဝါးများ နိုင်ငံ သုံးနိုင်ငံမှ မြန်မာသို့ တင်သွင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။         ။ နိုင်ငံ သုံးနိုင်ငံမှ အမေရိကန် ၈၉ သန်းတန်ဖိုးရှိ ဆေးဝါးများကို ယခုနှစ် ဇူလိုင်လကုန် အထိ မြန်မာနိုင်ငံသို့ တင်သွင်းပြီးဖြစ်သည်ဟု ဆေးကုန်သည်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူက ပြော သည်။

"အိန္ဒိယကဆေးတွေ အများဆုံးဝင်ပါတယ်။ ဒုတိယက ထိုင်းနိုင်ငံထုတ် ဆေးတွေဖြစ်ပြီး တရုတ်ဆေးအဝင်ကတော့ တတိယနေရာမှာရှိနေပါတယ်" ဟု ဦးစည်သူဝင်းက ပြောသည်။

မြန်မာနိုင်ငံသို့ အိန္ဒိယဆေးများ တင်သွင်းရာတွင် လေကြောင်းခရီးအနီးဆုံးတွင် ရှိနေခြင်း၊ တရုတ်ဆေးများထက် အရည်အသွေးပိုကောင်းခြင်း စသည့်အချက်များသည် မြန်မာနိုင်ငံသို့ အများဆုံး ဝင်ရောက်သည့် အကြောင်း တစ်ချက်အနေဖြင့် ပါဝင်နေသည်။

"မြန်မာနိုင်ငံကို အိန္ဒိယဆေး အဝင်များရတာက အိန္ဒိယမှာ အနောက်တိုင်းဆေးထုတ်တဲ့ ကုမ္ပဏီအကြီး၊ အသေး အမျာကြီးရှိတယ်။ အိန္ဒိယကုန်သည်တွေက ဟိုး အရင်ကတည်းက မြန်မာနိုင်ငံဆေးဈေးကွက်ကို ဦးထားတဲ့ အနေအထား ရှိတယ်။ မြန်မာပြည်ကို ကုမ္ပဏီ လေး၊ငါးခုလောက်ဝင်ပြီး ဆေးဝါးတွေ ရောင်းကြတယ်။ သူတို့
အောင်မြင်တော့ နောက်ကုမ္ပဏီတွေက ဆက်ဝင်လာတဲ့သဘောကို တွေ့ရတယ်" ဟု Aung Capacity ဆေးဝါး တင်သွင်းသည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံမှ ဆေးဝါးများ ဝင်ရောက်မှုမှာ လေကြောင်းသာမက၊ နယ်စပ်ကုန်သွယ်ရေးနှင့် တရားမဝင်လမ်းကြောင်း များမှလည်း ဝင်ရောက်သည်ဟု ဆေးဝါးဖြန့်ချိရေး လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

"ထိုင်းနိုင်ငံက ဆေးတွေကို လေးကြောင်းနဲ့သွင်းရင် နီးတယ်ဆိုပေမယ့် လေကြောင်းကသာမက နယ်စပ် ကုန်သွယ်
ရေးက ဝင်တာလည်းရှိတယ်။ တရားမဝင် ဝင်နေတာတွေလည်းရှိတယ်။ အခုချိန်အထိ မြဝတီတို့၊ မြိတ်တို့၊ ထားဝယ် တို့ဘက်မှာ မှတ်ပုံတင်မထားတဲ့ဆေးတွေ တွေ့နေရတုန်းပဲ" ဟု ဆေးဝါးဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးလှသောင်း က ပြောသည်။

မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် ဆေးအမျိုးအစား ၁၀၀ ကျော်ရှိနေပြီး ပါရာစီတမော၊ ဘာမီတွန်၊အမောက်စလင် စသည့်လူသုံးအများဆုံးဝါးများကို ကုန်သွယ်ခွန် လျော့ချပေးထားသည်ဟုလည်း ဦးစည်သူဝင်း က ဆိုသည်။
mizzimadv2 mizzimadv3



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 118 guests online