ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > တနှစ် ကား နှစ်သောင်းကျော် ထုတ်မည့် ဆူဇူကီး စက်ရုံကြီး မြန်မာပြည်မှာ ဆောက်ရန်ရှိ

တနှစ် ကား နှစ်သောင်းကျော် ထုတ်မည့် ဆူဇူကီး စက်ရုံကြီး မြန်မာပြည်မှာ ဆောက်ရန်ရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။   ။ ဂျပန်နိုင်ငံမှ ဆူဇူကီး ကော်ပိုရေးရှင်းက မော်တော်ကား တပ်ဆင်ထုတ်လုပ်သည့် စက်ရုံကြီး
တခုကို မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် အပြီး တည်ထောင်ရန် စီစဉ်လျက်ရှိသည်။

Photo: globalsuzuki.comတနှစ်လျှင် မော်တော်ကားစီးရေ ၂၀,၀၀၀ မှ ၃၀,၀၀၀ ထိ ထုတ်လုပ်သွားကာ ကမ္ဘာ့အကြီး
ဆုံး စက်မှုရုံကြီးများထဲမှ တခုအဖြစ် ဖွံ့ဖြိုး
လာရန် ရည်ရွယ်ထားကြောင်း The Asahi
Shimbun သတင်းတရပ်တွင် ဖော်ပြပါရှိ
သည်။

ထိုအတွက် ဆူဇူကီး အနေနှင့် ယန်းငွေ သန်းထောင်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံရမည်
ဖြစ်ပြီး ရန်ကုန်တိုင်း၊ သီလဝါရှိ မြေအကျယ် ၄၀ ဟက်တာတွင် တည်ဆောက်မည်ဟု လျာထားသည်။

၁၉၉၉ ခုနှစ်မှစ၍ ဆူဇူကီးကုမ္ပဏီသည် ခရီးသည်တင်ကားများနှင့် မော်တော်ဆိုင်ကယ်များကို တင်သွင်းလာခဲ့သည်။ ဤသည်မှာ ကားထုတ်လုပ်သူများနှင့် မြန်မာစက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းထားသည့် ကုမ္ပဏီတခုမှတဆင့် တင်သွင်း
ခဲ့ရခြင်းဖြစ်ကာ ၂၀၁၀ ခုနှစ်တွင် ခွင့်ပြုချက် ကုန်ဆုံးပြီး ပူးပေါင်းကုမ္ပဏီလည်း ဖျက်သိမ်းခံရပြီး စီမံကိန်းများ ရပ်တန့်
သွားခဲ့ရသည်။

၂၀၁၁ ခုနှစ်တွင် မြန်မာအစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး ယ္ခင်ကဲ့သို့ ပြန်လည်တင်သွင်းခွင့်ရ
ရန် ဆူဇူကီး က မြန်မာအစိုးရအား လျှောက်ထားခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ သို့သော် ထိုအစား ထုတ်လုပ်မှု စက်ရုံကြီးတခု တည်ထောင်ရန် မြန်မာအစိုးရက ကမ်းလှမ်းလာ၍ ယ္ခုကဲ့သို့ သီလဝါ အထူးစီးပွားရေးဇုန်တွင် ဆူဇူကီး
မော်တော်ကားစက်ရုံကြီး စီမံကိန်း ပေါ်ပေါက်လာခဲ့ရသည်။

မြန်မာနိုင်ငံတွင် မော်တော်ကားစင်းရေ နှစ်သန်း သုံးသိန်းကျော် လိုင်စင်ဖြင့် မှတ်ပုံတင်ထားပြီးဖြစ်ရာ အများစုမှ ဂျပန်နိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်သည်။ ဂျပန် မော်တော်ကား ကုမ္ပဏီများအနက် ဆူဇူကီးသာလျှင် မြန်မာနိုင်ငံတွင် ထုတ်လုပ်မှု အမာခံနယ်မြေ ရရှိထားသည်။

ကြာသပတေးနေ့တွင် တိုကျိုမြို့၌ ကျင်းပမည့် မြန်မာနိုင်ငံအား ကူညီရန် ရည်ရွယ်သည့် အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့် တရပ်တွင်လည်း ဂျပန်အစိုးရနှင့် ကမ္ဘာ့ဘဏ် အပါအဝင် မြီရှင်များက ကြွေးထူလှသည့် မြန်မာအစိုးရအား
ချေးငွေများ ထပ်မံချပေးရန် ရှိနေသည်။

ဂျပန်အစိုးရအနေနှင့် ၎င်းတို့ အဓိက ပါဝင်နေသည့် သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးလာစေရေးအတွက်
မြန်မာအစိုးရအား ချေးငွေများ အမြန်ဆုံးချပေးလိုသည့် ဆန္ဒရှိနေသည်။

လူဦးရေ သန်း ၆၀ ကျော်မျှရှိသော မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ပြဿနာမှာ အစိုးရရော၊ အတိုက်အခံပါ ပြောဆို
လာရသည့်ကိစ္စတခုဖြစ်နေပြီး လုပ်အားခမှာလည်း ထိုင်းနိုင်ငံ၏ လေးပုံတပုံမျှသာ ရှိ၍ နိုင်ငံခြားကုမ္ပဏီကြီးများ လာရောက်ရင်းနှီးမြှုပ်နှံရန် အထူးစိတ်ဝင်စားခြင်း ခံရသည့် အကြောင်းအချက်တခု ဖြစ်နေသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 144 guests online