|
အန်အယ်ဒီလူငယ် ၁၅ ဦး ပြန်လွတ်လာပြီ |
|
|
|
နေသွင်
|
|
အင်္ဂါနေ့၊ ဇွန်လ 10 2008 12:58 - မြန်မာစံတော်ချိန် |
ချင်းမိုင်။ ။ ရက်သတ္တ နှစ်ပတ်ကြာ ဖမ်းဆီးခံခဲ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လူငယ် ၁၅ ဦးသည် ယမန်နေ့ ညဦးပိုင်းက ထိန်းသိမ်းရေး စခန်းမှ ပြန်လည် လွတ်မြောက်လာသည်။
၁၈ နှစ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ ဖြစ်သည့် မေလ ၂၇ ရက်နေ့တွင် လူငယ်များက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ချီတက်လာစဉ် လမ်းခုလတ်၌ အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက် နှစ်ပတ်အကြာတွင် ယခုလို ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော့်ဆီ ဆက်တဲ့ ပုဂ္ဂိုလ်က ညက ၉ နာရီလောက်က လွှတ်လိုက်တယ် ပြောတယ်။ တယ်လီဖုန်းနဲ့ပဲ၊ တယောက်ပဲ ပြောရသေးတယ်။ ရုံးကိုတော့ တယောက်မှ မရောက်လာသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။
လူငယ် ၁၅ ဦးစလုံးကို တပြိုင်တည်း ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ဖြည့်စွက်ပြောသည်။
|