သတင်း ကြားဖြတ်သတင်း မဇ္ဈိမ မြန်မာဝဘ်ဆိုဒ်တွင် အသုံးပြုသော ဇော်ဂျီ မြန်မာယူနီကုဒ် စာရိုက်စနစ် ရယူရန်
မဇ္ဈိမ မြန်မာဝဘ်ဆိုဒ်တွင် အသုံးပြုသော ဇော်ဂျီ မြန်မာယူနီကုဒ် စာရိုက်စနစ် ရယူရန် Print E-mail
ကိုစိုင်း   
အင်္ဂါနေ့၊ နိုဝင်ဘာလ 06 2007 07:56 - မြန်မာစံတော်ချိန်

*** နိဒါန်း။ ။ ဒီကီးဘုတ်နဲ့ ဇော်ဂျီယူနီကုဒ်ဖောင့်ကို ထုတ်လုပ်ပေးတဲ့ Zawgyi Group နဲ့ Alpha Mandalay ကို အထူးပဲ ကျေးဇူး တင်ရှိပါတယ်။ ကိုယ့်ဘာသာကို မြန်မာ ယူနီကုဒ် ဖောင့်တွေကို လုပ်တတ်ပေမယ့် ဇော်ဂျီက လူသုံးများနေတော့ သူ့ကိုပဲ လိုက်သုံးတော့မယ်။ လုပ်မနေတော့ဘူး ပျင်းတယ်။ အထူး လိုအပ်မှပဲ လုပ်တော့မယ်။ အခုတော့ ဇော်ဂျီနဲ့ပဲ နှပါးသွားရအောင်နော်။ ဟဲ... ဟဲ...။ ကျေးဂျူးကမ္ဘာ...။ သင်လည်း သူတို့ကို ကျေးဇူးတင်ချင်ရင် သူတို့ website တွေကို သွားလည်နိုင်တယ် နော...။ နှစ်ခုတောင် ရှိတယ်။ အသစ်တွေ အသစ်တွေ။ ကိုယ်ကလည်း အသစ်တွေဆို ကြိုက်မှကြိုက်။ www.zawgyi.net ရယ် www.mandalayalpha.com ရယ်ဆိုပဲ။ ***

ကဲ စကားများနေတာနဲ့ စာဖတ်သူတွေ ရိုက်ချင်စိတ် မပေါက်ခင် မြန်မြန်ပြောမှ ဖြစ်တော့မယ်။

ဇော်ဂျီနတ်ရဲ့ နောက်ဆုံးပေါ် ဝန်ဆောင်မှုကို မြီးစမ်းကြည့်ချင်တယ် ဆိုရင် ဟောဒီ http://www.mandalayalpha.com/ လင့်အတိုင်း ဇော်ဂျီဘုံကို သွားပေတော့ ...

လင့်ပျက်နေတယ်ဆိုရင်တော့ ဒီမှာ ZFK-WC.EXE ရယူနိုင်ပါတယ်။

သွင်းပုံသွင်းနည်းကတော့ ကျနော့် ဝဘ်ဆိုဒ်အဟောင်းမှာလို တရှည်တဝေးကြီး ရှင်းပြနေစရာ မလိုတော့ဘူး။ ဇော်ဂျီက (ဘာမှ မလုပ်တတ်တဲ့ လူတွေအတွက်) ထမင်းရော ဟင်းရော ချက်ထားတာတင်မက ပါးစပ်ထဲကိုပါ ခွံ့ကျွေးပေးနေပါပြီ။ ဘာမှ သိပ်လုပ်နေစရာ မလိုဘူး။ Download လုပ်ပြီး ရလာတဲ့ ဇော်ဂျီ Application ဖိုင်ကို Doble Click လုပ်ပြီး သူ့ညွှန်ကြားချက်အတိုင်း Next တွေကို လိုက်နှိပ်လိုက်ရုံပဲ။ ပြီးရင် သူက စက်ကို Restart လုပ်ဖို့ ပြောရင် OK နှိပ်ပြီး ခဏစောင့်လိုက်ရုံပဲ။ Restart လုပ်ပြီးရင် ကီးဘုတ်သွင်းပြီးသား ဖောင့်သွင်းပြီးသား Clear Type လုပ်ပြီးသား အဆင်သင့် သုံးလို့ ရသွားပြီပေါ့။

အဲဒါပြီးသွားရင် သင် ကျနော်တို့ မဇ္ဈိမ မြန်မာဝဘ်ဆိုဒ်မှာ မြန်မာလိုပဲ ရှာချင်ရှာချင်၊ Comment စနစ်မှာ ကိုယ့်ထင်မြင်ချက်တွေကို လွတ်လပ်စွာ ရေးသားချင်ရေးသား စိတ်ကြိုက် လုပ်လို့ ရပြီပေါ့။ အခု လောလောဆယ်တော့ ထင်မြင်ယူဆချက်တွေ ရေးသားချင်ရင်တော့ ဇော်ဂျီ စာရိုက်စနစ်ကို သွင်းမှ ရိုက်လို့ ရမယ်။ နောက်များကျမှ ဘာစာရိုက်စနစ်မှ (သင့်စက်ထဲကို) သွင်းစရာမလိုပဲ ကျနော်တို့ ဝဘ်ဆိုဒ်ပေါ်မှာတင် မြန်မာလို ရိုက်နိုင်အောင် စီစဉ်ပေးမယ်။ အဲလိုဆို ဘယ်မှာရောက်ရောက် ဘယ်စက်မှာပဲ သုံးသုံး မြန်မာလို ရိုက်လို့ ရမယ်ပေါ့။ ပေါ်ဆန်းမွှေး ထမင်းနဲ့ ကြက်သားဆီပြန်ကို ပါးစပ်ထဲအထိ ခွံ့ကျွေးပေးသလိုလိုပေါ့။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့

ကျနော်များတို့ ဝဘ်ဆိုဒ်ဟာ ဇော်ဂျီဖောင့် မရှိပဲနဲ့ Internet Explorer Web Browser မှာ ကြည့်လို့ ရအောင် စီစဉ်ပေးထားပါတယ်။ ကျနော်များတို့ မြန်မာဝဘ်ဆိုဒ်ကို ဘယ် Web Browser မှာမဆို ဖွင့်လှစ် ကြည့်ရှုနိုင်ပေမယ့် Mozzila Firefox ကို သုံးပါက အကောင်းဆုံး ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။

ဒါကြောင့် Internet Cafe တွေမှာ သွားရောက် အသုံးပြုသူများအတွက် Internet Explorer ဖြင့် ဖောင့်သွားစရာ မလိုပဲ ကြည့်ရှုနိုင်ပါကြောင်းဖြင့် ကိုယ်ပိုင် ကွန်ပြူတာ ရှိသူများနှင့် ပရိုဂရမ်များ သွင်းနိုင်သူများ အနေဖြင့် ဇော်ဂျီ မြန်မာယူနီကုဒ် စာရိုက်စနစ်ကို သွင်းပြီး Firefox ဖြင့် ကြည့်ရှုပါရန် အကြံပေးလိုပါသည်။

"သင်ကျေနှပ်နှစ်သိမ့်မှုရရင် ကျနော်တို့လည်း ပျော်တာပေါ့။" ကျေနှပ်နှစ်သိမ့်မှု မရရင်လည်း ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ ပေါ့ဗျာ..။ (ဘယ်တတ်နိုင်မလဲ ဒီလောက် လုပ်ပေးနေတာ)

How To

နောက်များကျရင် သင့်ရဲ့ဖိုင်၊ Folder တွေကို မြန်မာလို နာမည်ပေးနိုင်တဲ့နည်း ပြောပြမယ်နော်။ ပြီးတော့
ဒီလို ဘားမှာ မြန်မာလိုပေါ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ထပ်ပြောပြမယ်။ ပြီးမှ အလွယ်လေးပဲလို့ မပြောနဲ့နော်...။ လာမယ် ကြာမယ် ပေါ့ဗျာ...။

 

သူတို့စကား

"တဘက်သတ် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခြင်းသည် အတိုင်းအတာ တခုအထိသာ အကျိုး သက်ရောက်မှု ရှိနိုင်ပါသည်။ ထို့ကြောင့် အခြားနိုင်ငံများ အနေဖြင့်လည်း ဤကိစ္စတွင် ပါဝင် ပူးပေါင်းရပါမည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အိမ်နီးချင်း နိုင်ငံအချို့သည် ဤသို့ ပူးပေါင်းပါဝင်ရန် စိတ်ပါဝင်စားမှု မရှိကြပါ"

ဂျော့ ဘုရှ်

အမေရိကန် သမတ

© Copyright 1998 - 2008 Mizzima News. All Rights Reserved