တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဝန်ထမ်းများ မိုဘိုင်းဖုန်း အရစ်ကျဝယ်ယူသည့် ကာလ ပြင်ဆင်သတ်မှတ်

ဝန်ထမ်းများ မိုဘိုင်းဖုန်း အရစ်ကျဝယ်ယူသည့် ကာလ ပြင်ဆင်သတ်မှတ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။       ။ အစိုးရဝန်ထမ်းများအား မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ GSM နှင့် WCDMA Sim ကတ်များ အရစ်ကျစနစ်ဖြင့် တိုက်ရိုက်ရောင်းချပေးနေရာ ပေးချေရမည့် ကာလအား ငါးလမှ တနှစ်ကျော်သို့ ပြောင်းလဲလိုက်
ကြောင်း ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူ တဦးက ပြောသည်။

သြဂုတ်လကုန်မှ စတင်ကာ နိုင်ငံဝန်ထမ်း တဦးချင်းစီ၏ မူရင်းလစာပေါ် မူတည်ပြီး လစာ တသိန်းအောက် ရရှိသူသည် တလလျှင် ကျပ်တသောင်းနှုန်း၊ ကျပ်တသိန်းအထက် ဆိုပါက ကျပ် တသောင်းခွဲနှုန်း ပေးချေးရန် ပြောင်းလဲ သတ်မှတ် လိုက်သည်။

နိုင်ငံဝန်ထမ်းများသို့ အရစ်ကျစနစ်ဖြင့် မိုဘိုင်းဖုန်းများအား ဇွန်လတွင် စတင်ရောင်းချခဲ့ပြီး ပေးချေရမည့် ကာလကို ငါးလ သတ်မှတ်ခဲ့၍ နှစ်သိန်းတန် GSM ဖုန်းကို တလလျှင် လေးသာင်းကျပ်နှင့် နှစ်သိန်းခွဲတန် WCDMA ဖုန်း အတွက် ငါးသောင်းကျပ်နှုန်း ပေးဆောင်ခဲ့ရသည်။

“ဝန်ထမ်းတွေအတွက် ပေးချေရမယ့် ကာလ ပြောင်းလဲ သတ်မှတ်ပေးလိုက်တာက သူတို့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေလို တာရယ်၊ လစဉ် ပေးဆောင်ရမယ့် ပမာဏ နည်းစေဖို့ အတွက်ပါ” ဟု မြန်မာ့ဆက်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တဦးက
ပြောသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ယခုကဲ့သို့ရောင်းချခြင်းအတွက် ပုဂ္ဂလိက ကုမ္ပဏီများ၊ ဘဏ်များဖြင့် ချိတ်ဆက် ထားခြင်းမျိုး မဟုတ်ဘဲ ဌာနဆိုင်ရာချင်း ချိတ်ဆက်ကာ ရောင်းချပေးခြင်း ဖြစ်သည်။

ဝန်ကြီးဌာနများ၏ ဝန်ထမ်းဖြစ်သူ မည်သူ့ကိုမဆို ရောင်းချပေးပြီး ဝန်ထမ်းများအနေဖြင့် အတိုးနှုန်း ပေးရန်မလိုဘဲ မူရင်းဈေးနှုန်းအတိုင်း ရရှိစေသည်။

စတင်ရောင်းချစဉ်က ဝယ်ယူခဲ့သည့် ဝန်ထမ်းများအနေဖြင့် ကျန်ရှိသည့် ပမာဏကို ပြောင်းလဲသတ်မှတ်လိုက်သည့်
နှုန်းအတိုင်းသာ ပေးချေရမည် ဖြစ်သည်။

ကျပ်နှစ်သိန်းတန် GSM ဖုန်းများကို ယခုနှစ် မတ်လတွင် လည်းကောင်း၊ ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို ဧပြီလတွင်လည်းကောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက စတင် ရောင်းချခဲ့သည်။

ငါးနှစ်အတွင်း မိုဘိုင်းဖုန်း သန်း ၃ဝ ချထားပေးမည့် စီမံကိန်းအတွက် ပထမအဆင့် တနှစ်စီမံကိန်းမှာ လေးသန်း ချထားပေးမည် ဖြစ်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 114 guests online