သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဒုသမ္မတ စိစစ်ရေးအဖွဲ့ ဖွဲ့စည်း

ဒုသမ္မတ စိစစ်ရေးအဖွဲ့ ဖွဲ့စည်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။        ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ တင်သွင်းလာမည့် ဒုသမ္မတသည် ဖွဲ့စည်းပုံမှ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ကိုက်ညီမှုရှိ မရှိ စိစစ်နိုင်ရန် လွှတ်တော်တရပ်စီမှ လွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်တဦးစီကို ကြာသပတေးနေ့တွင် ရွေးချယ်ခဲ့သည်ဟု လွှတ်တော်တက် အမတ်များက
ပြောသည်။

ပြည်သူ့လွှတ်တော်ဘက်မှ ဦးဋ္ဌေးဦးကို ရွေးချယ်ခဲ့ပြီး အမျိုးသားလွှတ်တော်ဘက်တွင်မူ ဦးဇော်မြင့်ဖေတို့ကို ရွေးချယ် ခဲ့သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ပြောသည်။ "လွှတ်တော်က ကန့်ကွက်မယ့်သူမရှိလို့ ဒုသမ္မတ စိစစ်ရွေးချယ်ရေးအဖွဲ့မှာ ပြည်သူ့လွှတ်တော်ကိုယ်စား ဦးဋ္ဌေးဦးဖြစ်သွားတယ်။ အမျိုးသားလွှတ်တော်က ဦးဇော်မြင့်ဖေကို ရွေးထားတယ်။"ဟု ဦးဝင်းသန်းက ပြောသည်။

သမ္မတ အရည်အချင်းများ စိစစ်ရေးအဖွဲ့တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်တို့မှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ နှစ်ဦးစီနှင့် လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်တဦးစီ၊ တပ်မတော်သား လွှတ်တော်အမတ်တဦး စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့စည်းထားရှိသည်။ "ဒီအဖွဲ့က ဒုသမ္မတကို ဖွဲ့စည်းပုံပါ အရည်အချင်းတွေနဲ့ ကိုက်ညီမှုရှိ မရှိစိစစ်ပြီးရင်
ဘောင်ဝင်တယ်ဆိုရင် လွှတ်တော်ကို တင်တဲ့အခါ လွှတ်တော်ကအတည်ပြုပေးရမှာပါ။" ဟု လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။

လစ်လပ် ဒုသမ္မတ နေရာအတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တင်သွင်းရန်ရှိသည်ဟု သတင်းများထွက်
ပေါ်နေသော်လည်း လွှတ်တော်အတွင်း တရားဝင် အဆိုပြုခြင်း မရှိသေးပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများအဖြစ် အနည်းဆုံးအသက် ၄၅နှစ်ပြည့်ပြီးသူ ဖြစ်ရမည်၊ စစ်ရေးအမြင်ရှိသူ ဖြစ်ရမည်၊ ရွေးချယ်တင်မြှောက်ခံရသည့် အချိန်မှ အနည်းဆုံး အနှစ် ၂ဝ နိုင်ငံတော်တွင် နေထိုင်ခဲ့သူ ဖြစ်ရမည် စသည့် သတ်မှတ်ချက် ၇ချက်ဖြင့် ပြဋ္ဌာန်းထားသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 208 guests online