စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ကော်မရှင်ဖွဲ့၍ ဆန္ဒပြ အကြောင်းရင်း ဖြေရှင်းရန် အဆိုတင်

ကော်မရှင်ဖွဲ့၍ ဆန္ဒပြ အကြောင်းရင်း ဖြေရှင်းရန် အဆိုတင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။        ။ အလုပ်သမားတို့ ဆန္ဒထုတ်ဖေါ်ရသည့် အကြောင်းရင်းများကို လေ့လာ၍ အဖြေရှာနိုင်ရန် စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းသင့်ကြောင်း ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့် အဆိုတရပ်ကို ပြည်သူ့ လွှတ်တော် အမတ် ဦးသိန်းညွန့်က ဗုဒ္ဓဟူးနေ့တွင် တင်သွင်းခဲ့သည်။

အလုပ်သမားတဦး၏ လစာ ၆၀၀၀ ကျပ်ရရှိနေချိန်တွင် ဆန်တပြည် ၈၅၀ ဖြစ်နေခြင်း၊ အချိန်ပိုကြေး ၁ နာရီလျှင် ၇၀ ကျပ်သာရရှိခြင်းကြောင့် ကုန်ကျစရိတ် မကာမိခြင်း စသည့် ကုန်ဈေးနှုန်း ကြီးမြင့်သည့် အခြေအနေများကို လွှတ်တော် အတွင်း ဆွေးနွေးမှုတွင် တင်ပြခဲ့သည်ဟု ဦးသိန်းညွှန့်က မဇ္ဈိမကို ပြောသည်။

meetlotdaw1
ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများ၏ ဆန္ဒထုတ်ဖေါ်မှုများကို လည်း ဦးသိန်းညွှန့်က ထောက်ပြဆွေးနွေးခဲ့ပြီး "အခုလိုဖြစ်ရတဲ့ လက်ငင်းအကြောင်းအရင်းနဲ့ အခြေခံ အကြောင်းအရင်းတွေကို ထဲထဲဝင်ဝင်သိဖို့အတွက် စုံစမ်းရေးအဖွဲ့ ဖွဲ့ဖို့လိုတယ်။" ဟု အဆိုတင်သွင်းဖြစ်ပုံကို ဦးသိန်းညွှန့်က ပြောသည်။

ဦးသိန်းညွန့်၏ အဆိုကို ရွာငံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ထောက်ခံဆွေးနွေးခဲ့ သည်။ အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူသည့်အတွက် ဆက်လက် ဆွေးနွေးရန် ရှိသည်။

ဆန္ဒထုတ်ဖေါ်မှုများနှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်း အစိုးရများအနေဖြင့် ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ ပြည်သူများ၏ အခက်အခဲများကို ဖေါ်ထုတ်ဆွေးနွေး ဖြေရှင်းပေးသည့်နည်းကို သုံးသင့်ကြောင်း ဇွန်လ  ၁၉ ရက်နေ့တွင် ပြုလုပ်သည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် သမ္မတ ဦးသိန်းစိန်က လမ်းညွှန်မှာကြားခဲ့သေးသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 78 guests online