ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ‘Burma’ ဟု မသုံးရန် ကော်မရှင်က NLD ကို ထပ်မံ သတိပေး

‘Burma’ ဟု မသုံးရန် ကော်မရှင်က NLD ကို ထပ်မံ သတိပေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥရောပ ခရီးစဉ်အတွင်း အင်္ဂလိပ် ဘာသာဖြင့် မိန့်ခွန်းများ ပြောဆိုရာတွင် မြန်မာနိုင်ငံ၏ အမည် ‘Myanmar’ ကို ‘Burma’ ဟု ခေါ်ဝေါ် သုံးစွဲခဲ့ သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံ သတိပေးလိုက်သည်ဟု သောကြာနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

do-not-say-Burma
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၂ တွင်  နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေရမည် (The state shall be known as The Republic of the Union of Myanmar) ဟု သုံးစွဲရန် ပြဋ္ဌာန်းထားသဖြင့် Burma ဟု သုံးနှုန်းပြောဆိုခွင့် မရှိကြောင်း NLD ကို ဇွန် ၂၈ ရက်နေ့က သတိပေးလိုက်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဇွန်လ ၁ ရက်နေ့က ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောကြားသည့် NLD ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် နိုင်ငံ အမည်ကို ‘Burma’ ဟု သုံးစွဲပြောဆိုခဲ့သဖြင့် ကော်မရှင်က ဇွန်လ ၁ ရက်နေ့တွင်ပင် NLD သို့ ကန့်ကွက်စာ ပေးပို့ထား ခဲ့ဖူးသည်။

ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည့် နိုင်ငံရေးပါတီတရပ် အနေနှင့်
ဖွဲ့စည်းပုံ အခြေခံဥပဒေပါအတိုင်း သုံးနှုန်းရေးသား/ပြောဆိုရန် ထပ်မံသတိပေးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ လှည့်လည်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 149 guests online