ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > မသီတာထွေးအမှု သက်သေများ ဆက်စစ်ဦးမည်

မသီတာထွေးအမှု သက်သေများ ဆက်စစ်ဦးမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာမှ မသီတာထွေး အား အဓမ္မပြုကျင့် သတ်ဖြတ်၍ ပစ္စည်းလုယူမှုနှင့် ပတ်သက်၍ ကျောက်ဖြူ ခရိုင်တရားရုံး၌ တတိယနေ့ စစ်ဆေးခြင်းကို အင်္ဂါနေ့တွင် ဆက်လက် ကြားနာခဲ့သည်။

ရုံးချိန်းတွင် စွပ်စွဲခံရသူ ရော့ပီးနှင့် ခိုချီး တို့ နှစ်ဦးအား ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေ ၈ ဦး၏ ထွက်ဆိုချက်များကို ခရိုင်တရားသူကြီး ဒေါ်ဌေးဌေးကြည် က ကြားနားခဲ့ခြင်း ဖြစ်သည်ဟု တရားရုံးသို့ သွားရာက်လေ့လာခဲ့သည့်
ကျောက်ဖြူ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

“စွပ်စွဲခံရသူ တရားခံများကို ရုံးထုတ်တယ်။ မနက် ၁ဝ နာရီက တရားခွင်ထိုင်ပြီး သက်သေတွေ စစ်တယ်။ ဒီနေ့ စုစုပေါင်း သက်သေ ၈ ယောက်စစ်တယ်။ မနက်ဖြန် ၁ဝ နာရီမှာ ဆက်စစ်ဖို့ ချိန်းထားပါတယ်။ မနက်ဖြန်သက်သေ ၅ ယောက် ၆ ယောက်လောက် ကျန်ဦးမယ်ထင်တယ်။ အခုကတော့ မနေ့က ၈ ယောက် ဒီနေ့ ၈ ယောက်ဆိုတော့ ၁၆ ယောက် စစ်ပြီးပြီပေါ့” ဟု မဇ္ဈိမကို ပြောသည်။

တရားလိုပြသက်သေများ စစ်ဆေးပြီးစီးသည့် အခါတွင် ခရိုင်ဥပဒေအရာရှိ ဦးစောမြ က လျှောက်လဲချက်ပေးရမည်
ဖြစ်ပြီး စွဲဆိုထားသည့် လူသတ်မှု၊ လုယက်မှု၊ မုဒိန်းမှုများဖြင့် ငြိစွန်းခြင်း ရှိ/မရှိကို ခရိုင်တရားသူကြီးမှ ကြားနာသွား မည် ဖြစ်ကြောင်း ဦးဘရှိန် က ဆက်ပြောသည်။

“တရားစွဲဆိုထားသည့် စွဲချက်နဲ့ပါတ်သက်ပြီးတော့ စွပ်စွဲခံရသူက ဝန်ခံရင်တော့ ဆက်စစ်ဖို့ မလိုတော့ဘူးပေါ့ ဗျာ” ဟု ဆိုသည်။

ယခုအချိန်အထိ စွပ်စွဲခံရသူများဘက်မှ ရှေ့နေငှားရမ်းခြင်းမရှိ၍ ကျောက်ဖြူ ရှေ့နေအသင်းမှ အလှည့်ကျ ရှေ့နေ ဦးဘမောင် အား ခရိုင်ဥပဒေရုံးမှ တရားဝင်ခန့်စာဖြင့် တာဝန်ပေးအပ်ထားသည်။

ပြစ်မှုထင်ရှားကြောင်း ဝန်ခံပါက စီရင်ချက်ချမှာဖြစ်ပြီး ဝန်ခံခြင်းမရှိပါက စွပ်စွဲခံရသူများမှ တရားရုံးတော်၏ စစ်ဆေးချက်များကို ထုချေသွားရမည် ဖြစ်သည်။

အခင်းဖြစ်ပွားသည့် မေလ ၂၈ ရက်နေ့ ညတွင်ပင် မသင်္ကာသူ သုံးဦးကို ဒေသခံရဲများက ဖမ်းဆီးထားခဲ့သည်။ ရုံးတင်စစ်ဆေးမှုများကို ဇွန်လ ၈ ရက်နေ့ (သောကြာနေ့)မှ စတင်ကြားနာခဲ့ပြီး ဆက်တိုက် စစ်ဆေးနေခြင်း ဖြစ်သည်။

မသီတာထွေး အဖြစ်အပျက်မှ စတင်၍ ရခိုင်ပြည်နယ်တွင်းတွင် လက်စားချေ သတ်ဖြတ်မှုများ၊ လူမျိုးရေး အမုန်းပွား မှုများ၊ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး “အရေးပေါ်အခြေအနေ” ကို နိုင်ငံတော်သမ္မတ က ရခိုင်တပြည်နယ် လုံးအား ရက်အကန့်အသတ်မရှိ ထုတ်ပြန်ကြေညာရသည်အထိ သည်းသန် ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

အင်္ဂါနေ့ကြားနာမှုတွင် ရပ်မိရပ်ဖတချို့၊ အာဏာပိုင်တချို့၊ ရခိုပါတီမှ အမတ်နှစ်ဦးတို့အပြင် ဒေသခံ အနည်းငယ် လာရောက်နားထောင်ကြသည်။ လုံခြုံရေးယူထားသည့် လုံထိန်းတပ်ဖွဲ့ဝင်အချို့ကို သက်ဆိုင်ရာ နယ်မြေများသို့
ပြန်လွှတ်လိုက်ကြောင်း သိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 182 guests online