စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ကော့သောင်း ဆီအုန်းခြံ အလုပ်သမားအချို့ လုပ်ခ ပြန်ရ

ကော့သောင်း ဆီအုန်းခြံ အလုပ်သမားအချို့ လုပ်ခ ပြန်ရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ) ။       ။ နှစ်နှင့်ချီ၍ လုပ်အားခ အပြည့်အဝ မရသည့်အတွက် ယုဇန ကုမ္ပဏီကို တရားစွဲရန် စီစဉ်နေသည့် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ ဆီအုန်းခြံ အလုပ်သမားအချို့ စနေနေ့က လုပ်အားခ ရရှိပြီ ဖြစ်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုသန်းထွန်းက ပြောသည်။

အလုပ်သမား ကိုယ်စားလှယ် ၁၆၀ ဦးဆောင်သည့် အလုပ်သမားပေါင်း တသောင်းကျော်မှာ လုပ်အားခ ကျပ်ငွေ သိန်း ၃,၀၀၀ ကျော် ရရှိခဲ့ပြီး ကျန်သည့် အလုပ်သမားများအတွက် ဗုဒ္ဓဟူးနေ့တွင် ဆက်လက် ထုတ်ပေးသွားမည်ဟု ကုမ္ပဏီက ပြောဆိုခဲ့ကြောင်း ကိုသန်းထွန်း က မဇ္ဈိမကို ပြောသည်။

“ကျနော့်ဆီ လာတိုင်တဲ့ အလုပ်သမားခေါင်းဆောင် ၁၁ ယောက်အဖွဲ့က သိန်း ၂၁၀ ကျော်နဲ့ ၂၂ ယောက်အဖွဲ့က သိန်း ၈၀၀ ကျော် ရပြီလို့ ကျနော့်ကို အကြောင်းကြားလာတယ်” ဟု ကိုသန်းထွန်းက ပြောသည်။

လုပ်အား မတရား ခိုင်းစေမှု၊ လုပ်အားခငွေ ရလိုမှုဖြင့် ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်၊ ကန်ထရိုက်တာ ဦးကျော်ကျော်နှင့် မန်းနေးဂျင်း ဒါရိုက်တာ ဦးဇော်လွင်တို့ကို အလုပ်သမားများက တရားစွဲမည် ဆိုသော သတင်းကြောင့် မေလ ၂ ရက်နေ့တွင် ဦးဌေးမြင့်က ကော့သောင်းမြို့သို့ ရောက်ရှိလာပြီး ယခုကဲ့သို့ လုပ်အားခ ပေးချေရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယုဇန ကုမ္ပဏီပိုင်သည့် အဆိုပါ ဆီအုန်းခြံသည် ဧက ၅ သိန်းခွဲခန့် ရှိပြီး တနင်္သာရီ ရိုးမ အနောက်ဘက် ကော့သောင်း မြို့နယ် ခမောက်ကြီးမြို့နယ်ခွဲရှိ ပါချန် သစ်တောကြိုးဝိုင်း အတွင်းတွင် ရှိသည်။

အဆိုပါ ဆီအုန်းခြံတွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ် စသည်တို့မှ တောရှင်း အလုပ်သမား ၈ သောင်းကျော်နှင့် စိုက်ပျိုးရေး အလုပ်သမား ၉ သောင်းကျော် လုပ်ကိုင်လျက် ရှိကြသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 67 guests online