ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ကျောက်မီးသွေး လျှပ်စစ်စက်ရုံ ရပ်တန့်ပေးရန် သမ္မတထံ စာပို့

ကျောက်မီးသွေး လျှပ်စစ်စက်ရုံ ရပ်တန့်ပေးရန် သမ္မတထံ စာပို့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ) ။        ။ စတင် လည်ပတ်ရန် ပြင်ဆင်နေသည့် ကော့သောင်းမြို့ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ရပ်တန့်ပေးရန်အတွက် ကြာသပတေးနေ့က နိုင်ငံတော် သမ္မတထံသို့ ဒေသခံများက အသနားခံစာ ရေးသားပို့ပေးခဲ့သည်။

ကော့သောင်းမြို့ရှိ ရပ်ကွက် ၁ဝ ရပ်ကွက်အနက် ၉ ရပ်ကွက်မှ ဒေသခံ ၆၃ ဦးက လက်မှတ်ထိုးကာ သမ္မတကြီးထံ လက်မှတ် ရေးထိုးပေးပို့ခြင်း ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော် သမ္မတကြီး၊ နေပြည်တော်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံလို့ လိပ်မူပြီးတော့ ပို့တာ။ ဒါပေမယ့် ပို့တဲ့သူ နေရာမှာတော့ ကော့သောင်းမြို့ တနင်္သာရီတိုင်းဒေသကြီး ပြည်သူများလို့ ရေးထားတော့ စာတိုက်က အဲလိုပို့ရင် မရောက်ဘူးလို့ ပြောတယ်။ ဒါကြောင့် ကျနော့်လိပ်စာနဲ့ပဲ ပို့လိုက်တယ်” ဟု ကူညီဆောင်ရွက်ပေးနေသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တနင်္သာရီတိုင်း စည်းရုံးရေးမှူး ကိုသန်းထွန်းက ပြောသည်။

သမ္မတကြီးထံ ပေးပို့သည့် အသနားခံစာတွင် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ စတင် လည်ပတ်တော့မည် ဖြစ်ပြီး စက်ရုံ၏ ဆိုးကျိုးများကို သမ္မတကြီး အနေနှင့် သိရှိပြီးလိမ့်မည် ဖြစ်ကြောင်း၊ လက်ရှိ ရနောင်းမြို့ ထမ်ဖရား ရပ်ကွက် စက်မှုဇုန် ငါးမှုန့်ကြိတ်စက်မှ ထွက်ရှိလာသည့် အနံ့အသက်ကို ၁၀ မိုင်ခန့် ဝေးသည့်
ကော့သောင်းမြို့ထိပင် ရှုရှိုက်နေရကြောင်း၊ သမ္မတကြီး၏ အဆုံးအဖြတ်ကို ကော့သောင်း ပြည်သူများ စောင့်စား
နေကြကြောင်း စသည့် အချက် ၁၆ ချက် ပါဝင်သည်ဟု သူက ပြောသည်။

ယခင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော် လက်ထက်က ခွင့်ပြုချက် ရရှိပြီး ‘သန်းဖြိုးသူ’ သတ္တုတူးဖေါ်ရေးလုပ်ငန်း ကုမ္ပဏီ လိမိတက် ပိုင်သည့် ထိုစက်ရုံကို ၂၀၁၁ ခု နှစ်လယ်ခန့်တွင် စတင်တည်ဆောက်ခဲ့ကာ ယခုနှစ် ဇွန်လတွင် စတင် လည်ပတ်မည် ဖြစ်သည်။

လက်ရှိတွင် ၈ မဂ္ဂါဝပ် ထုတ်လွှတ်မည့် ထိုစက်ရုံကို ကော့သောင်းမြို့ အေးရိပ်ငြိမ်နှင့် ရွှေပြည်သာ ရပ်ကွက်ကြားတွင် တည်ဆောက်ထားပြီး ၁၆ မဂ္ဂါဝပ်ထိ တိုးချဲ့သွားမည်ဟု ကုမ္ပဏီ၏ ပြောဆိုချက်ကို ကိုးကားပြီး ဒေသခံများက ပြော သည်။

ထိုစက်ရုံသည် လူနေအိမ်နှင့် ပေ ၅၀ ခန့်သာ ကွာဝေးပြီး မီးခိုးခေါင်းတိုင်မှာလည်း ပေ ၄၀ ခန့်သာ မြင့်ကာ ထိုနယ် တဝိုက်တွင် ရွာသွန်းသည့် မိုးရေများက စက်ရုံနှင့် နှစ်ဖာလုံကျော်သာ ဝေးသည့် ယင်းဝါ ရေလှောင်ကန်သို့ စီးဝင်ပြီး မြို့ခံများက ထိုရေကို အဓိကထား သောက်သုံးကြသည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဒေသခံများကပြော သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင်သုံးဦးကို ရဲ ဆင့်ခေါ်
  2. လယ်ယာလုပ်ငန်း အာမခံထားနိုင်ရန် ဂျပန်က နည်းပညာ ထောက်ပံ့မည်
  3. ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းတွင် အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးများ ချထားပေး
  4. ပုသိမ်မှာ လူငယ်ဖွံ့ဖြိုးရေး သင်တန်းဖွင့်လှစ်
  5. ထိုင်းနိုင်ငံက ဆင်ဖြူတော် ငှားရမ်းမှု နိုင်ငံခြားရေးဝန်ကြီး ငြင်းဆန်
  6. ရုပ်သံ စတူဒီယို တည်ဆောက်မည့်မြေ ရောင်းချခြင်းအတွက် ဈေးနှုန်းသတ်မှတ်ရန် ဆွေးနွေး
  7. သတင်းမှားယွင်းသည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံပိုင်သတင်းစာက ပြန်လည်ဖြေရှင်းရန် Daily Eleven က တောင်းဆို
e-letter-burmese

Who is Online

We have 172 guests online