ဗုဒ္ဓဟူး, ၂၂ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > လှိုင်းဘွဲ့မြို့နယ် မဏ္ဍပ်တခုတွင် လက်နက်ကိုင်တစုနှင့် အချင်းများ

လှိုင်းဘွဲ့မြို့နယ် မဏ္ဍပ်တခုတွင် လက်နက်ကိုင်တစုနှင့် အချင်းများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ သင်္ကြန်ရေကစား မဏ္ဍပ်တခုတွင် စကားများရာမှ အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက လက်နက်ပြ ခြိမ်းခြောက်မှုတခု ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာ ရေကစားမဏ္ဍပ်တွင် သင်္ကြန် အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က အသက် ၁၈-၂၀ ဝန်းကျင်ရှိ ဆိုင်ကယ်စီးလူငယ် သုံးဦးအား ရေပက်ကစားစဉ် ဆိုင်ကယ် လဲကျရာမှ ရွားသားများနှင့် အချင်းဖြစ်ပွားခဲ့သည်။

“မဏ္ဍပ်က လူငယ်တွေက တားပြီး ရေပက်တာပေါ့။ အရှိန်နဲ့လာတော့ ဆိုင်ကယ်က တိမ်းသွားတော့ မဏ္ဍပ်က လူငယ်တွေနဲ့ စကားများကြတာပေါ့။ သူတို့တွေက ထုတ်ပြတာက ဘီအေ ၁၀၉ လို့ခေါ်တယ်။ ဗုံး သုံးလုံး တယောက် တလုံးစီ ထုတ်ပြတယ်။ သူတို့လက်ထဲမှာ ကိုင်ထားတာက သုံးမြှောင့် တံစည်းကို သွေးထားတဲ့ အချွန် ကိုင်ထားတယ်” ဟု ရွှေဂွန်းရွာ ဒေသခံတဦးက ပြောသည်။

ထိုဆိုင်ကယ်များတွင် ကရင်ပြည်နယ်အလံ အသေးစားကို လွှင့်ထူထားသော်လည်း မည်သည့်အဖွဲ့မှဟု မသိရကြောင်း “ဘယ်အဖွဲ့ကဆိုတာ တိတိကျကျ မပြောဘူး။ မြိုင်ကြီးငူကလို့ပဲ ဖြေပါတယ်။ ယူနီဖောင်း ဝတ်မထားဘူး” ဟု အဖြစ်အပျက်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သည့် အမျိုးသမီးတဦးက မဇ္စျိမကို ပြောသည်။

ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသတွင် လက်နက်ကိုင် အဖွဲ့အစည်းများ ရှိပြီး ၎င်းတို့မှာ တိုးတက်သော ကရင်အကျိုးပြု တပ်မတော် (DKBA)၊ နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၁၁ နှင့် ၁၀၁၉ တပ်ရင်းတို့ရှိကြောင်း သူမက ဆက်ပြောသည်။

စကားများကြရာတွင် နှစ်ဘက်လူငယ်များ အရက်သေစာ သောက်စားထားခြင်းရှိကြောင်း သိရသည်။

သို့သော် ရွာခံလူကြီးများက ပြဿနာကို အချိန်မီ ဝင်ရောက်ဖြန်ဖြေကြကာ ရေကစားမဏ္ဍပ်ကိုလည်း ချက်ချင်း ဖျက်သိမ်းလိုက်ပြီး ထိခိုက်ဒဏ်ရာရရှိမှု တစုံတရာမရှိဘဲ ဖြေရှင်းနိုင်ခဲ့ကြကြောင်း သိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 123 guests online