ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ကန် အထက်လွှတ်တော်အမတ် သတင်းစာရှင်းလင်း

ကန် အထက်လွှတ်တော်အမတ် သတင်းစာရှင်းလင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမသတင်းဌာန ။    ။ တတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ရန်ကုန်မြို့တွင် ရောက်ရှိနေသော အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝဘ် Jim Webb သည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက အမေရိကန်သံရုံးတွင် သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့သည်။

ယခုခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရခေါင်းဆောင်များ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည့် မစ္စတာဂျင်မ်ဝဘ်သည် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုများနှင့်ပါတ်သက်၍ အမေရိကန် ပေါ်လစီ ပြောင်းလဲနိုင်ရန်အတွက် အမေရိကန် အောက်လွှတ်တော်နှင့် အစိုးရအား ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

မစ္စတာဂျင်မ်ဝဘ်သည် ၂၀၀၁ ခုနှစ်က မြန်မာနိုင်ငံသို့ ပုဂ္ဂလိကခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံ ရောက်ရှိလာပြီး ထိုစဉ်က နအဖ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ခွင့်ရခဲ့သည့် ပထမဆုံးသော အမေရိကန် လွှတ်တော်ကိုယ်စားလှယ်တဦးလည်း ဖြစ်သည်။

ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အား တရားမ၀င် ၀င်ရောက်သည့်အမှုဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်အပစ်ပေးခြင်းခံနေရသော အမေရိကန်နိုင်ငံသား ဂျွန်ယက်ထော အား လွှတ်တော်အမတ် ဂျင်မ်ဝဘ် က အမေရိကန်နိုင်ငံသို့ ပြန်လည် ခေါ်ထုတ်သွားနိုင်ခဲ့သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 80 guests online