စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဥရောပ ပါလီမန်မှာ ဒေါ်စု မိန့်ခွန်းပြောဖို့ ဖိတ်ကြားမည်

ဥရောပ ပါလီမန်မှာ ဒေါ်စု မိန့်ခွန်းပြောဖို့ ဖိတ်ကြားမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ဥရောပ ပါလီမန်တွင် မိန့်ခွန်း မြွက်ကြားပေးရန် အတွက် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမည်ဟု ဥရောပ ပါလီမန် ကိုယ်စားလှယ်များက ပြောသည်။

ဥရောပ ပါလီမန်မှ ချီးမြှင့်သော ၁၉၉၀ Sakharov ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ဗုဒ္ဓဟူးနေ့တွင် ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံစဉ် ပါလီမန်ဥက္ကဋ္ဌ Martin Schulz ၏ ဖိတ်ကြားချက်ကို ကိုယ်စားလှယ်များက သတင်းစကား ပါးမည်ဖြစ်သည်။

ဥရောပ ပါလီမန်အနေဖြင့် မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုများအား ကြိုဆိုပြီး ဂျာမဏီ လွှတ်တော် အမတ် Werner Langen ဦးဆောင်သည့် ကိုယ်စားလှယ် ၁၁ ဦးသည် သမ္မတ၊ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များနှင့် အခြားလူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဖြစ်သည်။ ထို့ပြင် နေပြည်တော် လွှတ်တော်နှင့်လည်း တရားဝင် ဆက်သွယ်ရေးများ ထူထောင်ထားရှိရန် သွားရောက် လည်ပတ်ဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဥရောပသမဂ္ဂ EU ၏ အရေးယူ ပိတ်ဆို့မှုများအား ပယ်ရှားရန်အတွက် ဥရောပ ပါလီမန်က ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ဆုံးဖြတ်ဖွယ်ရှိပြီး လူသားချင်း စာနာသည့် အကူအညီများလည်း ထပ်မံပေးဖွယ်ရှိနေသည်။

EU ဖွံ့ဖြိုးရေးမင်းကြီး Andris Piebalgs က မြန်မာနိုင်ငံ ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံ အဆောက်အအုံများ အတွက် ဒေါ်လာသန်း ၂၀၀ ကူညီမည် ဖြစ်ကြောင်း ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ကြေညာခဲ့သည်။

သမ္မတ ဦးသိန်းစိန်က Andris Piebalgs နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ အရေးပါသော အပြောင်းအလဲများ ဖြစ်နေသော် လည်း EU ပိတ်ဆို့မှုများ ရှိနေသည်ကို ထောက်ပြပြောဆိုခဲ့သည်။ Andris Piebalgs အနေနှင့် လာမည့် ကြားဖြတ်
ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတမှုရှိပါက ပိတ်ဆို့မှုများလျှော့ချရေး ဆက်လက် ပြုလုပ်သွားမည်ဟု ပြန်လည်
ပြောဆိုခဲ့သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 160 guests online