စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > EU က မြန်မာကို ယူရို သန်း ၁၅၀ ထောက်ပံ့ဖွယ်ရှိ

EU က မြန်မာကို ယူရို သန်း ၁၅၀ ထောက်ပံ့ဖွယ်ရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ဥရောပသမဂ္ဂ EU အနေဖြင့် မြန်မာနိုင်ငံအား ယူရိုသန်း ၁၅၀ (အမေရိကန် ဒေါ်လာ ၁၉၇ သန်း)ထောက်ပံ့ရန် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကိုယ်စားလှယ်များ ပြောဆို၏ ဆွေးနွေးနေကြကြောင်း
အေအက်ဖ်ပီ သတင်းတရပ်၌ ဖော်ပြပါရှိသည်။

အဆိုပါ ထောက်ပံ့ငွေကို ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး ကဏ္ဍများတွင် သုံးစွဲသွားရန် EU နိုင်ငံခြားရေး ဝန်ကြီးများ တနင်္လာနေ့က ဆွေးနွေးကြသည်ဟု ဆိုသည်။

ထောက်ပံ့မှုမျာကို နယ်စပ်ဒေသ တလျှောက် တိုက်ပွဲများကြောင့် ထွက်ပြေးရှောင်တိမ်းနေရသည့် ဒုက္ခသည်
လေးသောင်း ရရှိခံစားနိုင်ရန် အဓိက ရည်ရွယ်သည်ဟုလည်း လေ့လာသူများက သုံးသပ်ကြသည်။

မြန်မာအစိုးရ ခေါင်းဆောင်များအား ဥရောပနိုင်ငံတွင်း ခရီးသွားလာမှု ပိတ်ပင်ချက်အား ရုတ်သိမ်းရန် သဘောတူ ခဲ့ကြသည်။ ရိုက်တာသတင်းတရပ် အဆိုအရ အဆိုပါ ဗီဇာပိတ်ပင်ထားခံရသူပေါင်း ၅၀၀ ခန့်ရှိသည်။

၂၀၁၁ ခုနှစ်တွင်လည်း လူသားချင်းစာနာမှုနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများအတွက် ဥရောပကော်မရှင် EC က မြန်မာနိုင်ငံအား ယူရိုငွေ ၂၂ သန်း (အမေရိကန်ဒေါ်လာ သန်း ၃ဝ) ထောက်ပံ့ခဲ့ပြီးဖြစ်သည်။

ထောက်ပံ့မှုများ စီမံခန့်ခွဲရန်နှင့် နိုင်ငံရေးဆွေးနွေးမှုများ တိုးမြှင့်လာစေရန်အတွက် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားရှိမည်ဟု ဇန်နဝါရီလဆန်းပိုင်းတွင် EU က ပြောသည်။

ထို့ပြင် နိုင်ငံခြားရေးပေါ်လစီ ဦးဆောင်သူ Catherine Ashton အနေနှင့် ကြားဖြတ်ရွေးကောက်ပွဲအပြီး ဧပြီလအတွင်း
မြန်မာနိုင်ငံကို လာရောက်ရန် ရှိသည်။

ဧပြီ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတမှုရှိရန်နှင့် ကျန်ရှိနေသေး သည့် နိုင်ငံရေးအကျဉ်းသားများအား “လပိုင်းအတွင်း” ခြွင်းချက်မရှိ လွှတ်ပေးရန်လည်း EU က တောင်းဆိုထားသည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်နဝါရီ ၁၃ ရက်နေ့က လွတ်လာခဲ့သော အကျဉ်းသား ၆၅၁ ဦးထဲတွင် နိုင်ငံရေး အကျဉ်းသား ၃ဝ၃ ဦး ပါဝင်သဖြင့် ၃၄၈ ဦး ကျန်ရှိနေသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုစုထားသည့် စာရင်များအရ သိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 54 guests online