သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဂီတပွဲတော် ဒီဇင်ဘာ ၃၀ တွင် ကျင်းပဖွယ်ရှိ

ဂီတပွဲတော် ဒီဇင်ဘာ ၃၀ တွင် ကျင်းပဖွယ်ရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတပွဲနှင့် ဈေးရောင်းပွဲတော်ကို လာမည့်ဒီဇင်ဘာ ၃၀ ရက်နေ့တွင် မြန်မာကွန်ဗင်းရှင်းစင်တာ - MCC ၌ ပြောင်းရွှေ့ပြုလုပ်ရန်ရှိကြောင်း သိရသည်။

MCC ခန်းမကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၌ ကျပ် ၁၅ သိန်းဖြင့် ငှားရမ်းထားကြောင်း စည်ပင် သတင်းရပ်ကွက်မှ အမည်မဖော်လိုသူ အရာထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ သတင်းများ ထွက်ပေါ်နေသည်မှာ မှန်ကန်သော်လည်း တရားဝင် ပွဲမိန့် မရသေးသည့်အတွက် အတည်ပြု မပေးနိုင်သေးကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

“အခု ပြောနေကြတာက လုပ်ရင် ဖြစ်နိုင်မယ့်ရက်ကို ပြောနေကြတာ။ တကယ်တော့ ရက်ကို မသတ်မှတ် ရသေး ဘူး။ အရင်တခါလည်း ၁၅ ရက်နေ့ လုပ်မယ် ဆိုပြီး ပျက်သွားတယ်။ အခုကတော့ ကျနော် မပြောချင်ဘူး။ ပွဲမိန့် ကျပြီးတော့မှ ပြောမှာ” ဟု ကော်မတီဒုဥက္ကဋ္ဌ ဦးဝင်းထိန်က ဆိုသည်။

အဆိုပါ ပွဲတော်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၊ ပညာရေးကွန်ယက် အဖွဲ့များနှင့် အနုပညာရှင်များက ပူးပေါင်း စီစဉ်ခဲ့ခြင်း ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပရန် စီစဉ်ထား
သော်လည်း ပွဲမိန့်မရသည့်အတွက် ကျင်းပမည့်ရက်ကို ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

တိုင်းရင်းသားများ ပညာရေးတွင် ကူညီရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင်များ တက္ကသိုလ် ရိပ်သာလမ်းနေအိမ်၌ နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ဆုံစဉ် စတင်စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယင်းရန်ပုံငွေပွဲ၌ Emperor ၊ Metalzone ၊ Lazy Club ၊ Big Bag ၊  Plus 3 ၊ Spectrum ၊ Reason ၊ Wanted ၊ Vertical Vibration ၊ The Tree အစရှိသည့် တီဝိုင်းများ နှင့်အတူ နာမည်ကျော် ဂီတ အနုပညာရှင် ၅ဝ ကျော်က
မေတ္တာဖြင့် ကူညီသီဆိုကြမည် ဖြစ်ကြောင်း သိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 155 guests online