တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > လွတ်ရက်စေ့ NLD ကိုဇော်မင်းထွန်း ပြန်လွတ်

လွတ်ရက်စေ့ NLD ကိုဇော်မင်းထွန်း ပြန်လွတ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ဝတ္တရားနှောင့်ယှက်မှုဖြင့် ထောင်ဒဏ်တနှစ်ကျခဲ့သူ ရန်ကုန်တိုင်း တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD တွဲဖက်အတွင်းရေးမှူး ကိုဇော်မင်းထွန်း လွတ်ရက်စေ့သဖြင့် သောကြာနေ့တွင် အင်းစိန်ထောင်မှ ပြန်လွတ်လာသည်။
 
၂ဝဝ၉ နိုဝင်ဘာလအတွင်း တွံတေးမြို့နယ်ဆေးရုံမှ လက်ထောက်ဆရာဝန်zmt ဒေါ်ဆင့်ဆင့်သီက ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ ဖြင့် တရားလိုလုပ် တိုင်ကြားခဲ့ရာမှ မြို့နယ်တရားရုံး တရားသူကြီး ဦးအေးကိုကိုက ထောင်ဒဏ်တနှစ် ချမှတ်ခဲ့သည်။
 
ကိုဇော်မင်းထွန်း၏ အမှုတွဲအပြင် ခြိမ်းခြောက်ပြောဆိုမှု ပုဒ်မ ၅ဝ၆ အရပါ ဇနီးဖြစ်သူ တွံ့တေးမြို့နယ် NLD စည်းရုံးရေးကော်မတီဝင် မစန္ဒာမှာလည်း ၂ဝ၁ဝ မေလမှစ၍ ထောင်ဒဏ် တနှစ်ခွဲ ပြစ်ဒဏ်ကျခဲ့ရာ ကချင်ပြည်နယ် ပူတာအိုထောင်တွင် ကျခံနေဆဲဖြစ်သည်။

၂ဝဝ၉ ခုနှစ် နိုဝင်ဘာလထဲတွင် အရေးပေါ် လူနာတဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြရာ ဆေးရုံဝန်ထမ်းများကို အော်ဟစ်မိရာမှ တရားစွဲခံခဲ့ကြရခြင်း ဖြစ်သည်။
 
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ၏ ယခုလ ၃ ရက်နေ့ထုတ် စာရင်းများအရ မြန်မာအကျဉ်းထောင်များ၌ နိုင်ငံရေး အကျဉ်းသား ၂ဝ၆၁ ဦး ရှိနေသည်။




 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1458 guests online