တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဒန်ကလေ အာမခံအတွက် ကြိုးပမ်းနေ

ဒန်ကလေ အာမခံအတွက် ကြိုးပမ်းနေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာတိုင်းမ် တည်ထောင်ခဲ့သူ မစ္စတာ ရောစ့် ဒန်ကလေ Ross Dunkley အတွက် ဒုတိယ ရုံးချိန်းရက် ကြာသပတေးနေ့တွင် အာမခံရရေးအတွက် ၎င်း၏ ရှေ့နေများ ကြိုးပမ်းနေသည်။

“အမှုစစ်နေတုန်း မပြီးသေးပါဘူး။ လောလောဆယ်က အာမခံ အရင်ရဖို့ လုပ်နေတာပေါ့။ အာမခံရရင် သူအပြင်မှာ နေရတာ လွယ်ကူတာပေါ့။ အာမခံပေးဖို့ လက်မှတ်ထိုးလျှောက်ထားတယ်။ အဖြေမသိရသေးဘူး” ဟု အမှုအတွက် လိုက်ပါဆောင်ရွက်နေသည့် မစ္စတာ ဒန်ကလေ၏ ရှေ့နေတဦးက မဇ္ဈိမကို ပြောသည်။ သူ့ကို ပြုံးရွှင်ကျန်းမာစွာဖြင့် ယနေ့မနက် တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့်လ ၂၄ ရက်နေ့တွင် မစ္စတာ ဒန်ကလေကို rosssပထမဆုံး ရုံးတင်စစ်ဆေးခဲ့ပြီး၊ တရားရုံးက အာမခံပေးရန် ငြင်းဆန်ခဲ့သည်။ ယနေ့တွင် ဒုတိယအကျော့ ရုံးထုတ်စစ်ဆေးခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ဒန်ကလေကို ရဲက ဖမ်းဆီးခဲ့ကာ၊ နောက်ရက်တွင် အင်းစိန်ထောင်သို့ ပို့ဆောင် ချုပ်နှောင်ခဲ့သည်။

သူ့ကို လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် လဝက ပုဒ်မ ၁၃ (၁) အပြင် မခိုင်ဇာကို နာကျင်အောင်လုပ်မှု ပုဒ်မ ၃၂၃ ၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးကို တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈ ၊ လက်ရောက်ခြင်း ပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့်ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် တရားစွဲထားသည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1507 guests online