တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ပဲခူး လူသတ်မှု အရေးယူသင့်ဟု UDP ပြောဆို

ပဲခူး လူသတ်မှု အရေးယူသင့်ဟု UDP ပြောဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။      ။ ပဲခူးမြို့ လူသတ်မှုတွင် ပြစ်မှုကျူးလွန်ခဲ့သူများကို တရားဥပဒေအရ အရေးယူသင့်ကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP က ကြေညာချက်ထုတ်ပြန်ကာ ယနေ့ ပြောဆိုလိုက်သည်။

ယခုလ ၄ ရက်နေ့တွင် စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ပဲခူးမြို့ခံ လူငယ် ၂ ဦးအတွက် UDP အနေဖြင့် ဝမ်းနည်းကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားကာ၊ UDP အနေဖြင့် မဲဆန္ဒနယ် ၃ ခုတွင် ယှဉ်ပြိုင်မည်ဖြစ်ရာ ယခု အခင်းဖြစ်ပွားခဲ့ရာ ပဲခူးမြို့ မဲဆန္ဒနယ်သည်လည်း တခုအပါအဝင်ဟု ဆိုသည်။

မဲဆန္ဒနယ်မြေများအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူတို့၏ အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီးကြောင်း ကြေညာချက်တွင် ဖော်ပြထားသေးသည်။

UDP သည် ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့ပြီး၊ လက်ရှိ ပါတီ ဥက္ကဋ္ဌမှာ ဦးသိန်းဋ္ဌေး ဖြစ်သည်။

 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1505 guests online