တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > အိမ်ယာပြောင်းရွှေ့ရန် ဝန်ထမ်းများ ခက်ခဲ

အိမ်ယာပြောင်းရွှေ့ရန် ဝန်ထမ်းများ ခက်ခဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။       ။ အောက်ခြေဝန်ထမ်းများအနေဖြင့် ၎င်းတို့နေထိုင်သည့် အစိုးရအိမ်ယာများမှ လာမည့်လ ၃၁ ရက်နေ့ နောက်ဆုံးထားကာ ပြောင်းရွှေ့ရမည်ဟု ကချင်ပြည်နယ် ပယက ကောင်စီက မြစ်ကြီးနားမြို့ပေါ်ရှိ ဌာနဆိုင်ရာများကို ညွှန်ကြားသဖြင့် ဝန်ထမ်းများ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် တရားဝင် စာထုတ်ပြန်ပြီး အစိုးရဌာနဆိုင်ရာ အသီးသီးမှ အထက်တန်းစာရေးများနှင့် အောက်အဆင့် ဝန်ထမ်းများကို ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (ပယက) က ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

’’ဘယ်ပြောင်းရမှန်း မသိသေးဘူး။ မိသားစုလိုက်နေတဲ့အတွက် ပြောင်းရွှေ့ဖို့က အခက်အခဲရှိတယ်။ သူတို့ (အစိုးရ) နေခိုင်းတဲ့ အိမ်ယာမှာ နှစ်နဲ့ချီပြီး နေလာတာ။ အခုလို ပြောင်းခိုင်းတော့ အံ့သြတယ်။ အထက်လူကြီးတွေ ပြောချက်အရ ရွေးကောက်ပွဲနီးလို့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေ နေဖို့ဆိုပြီး ပြောတယ်။ လစာငွေနဲ့ မလောက်မင ဖြစ်တဲ့အပြင် အိမ်ယာပြောင်းရွှေ့ခိုင်းလို့ အခက်အခဲ ဖြစ်တယ်’ ဟု ပယက ရုံးရှိ အောက်ခြေအဆင့် ရုံးစာရေးမ တဦးက ပြောသည်။

အခြေခံ လစာငွေအဖြစ် ကျပ်ငွေ ၅၂ဝဝဝ အောက် ရရှိသူများ ဖြစ်ကြပြီး၊ နေရာထိုင်ခင်းလည်း သီးသန့် စီစဉ်ပေးခြင်း မရှိသောကြောင့် ပြောင်းရွှေ့ရမည့် ဝန်ထမ်းများ ဒေါသထွက်နေကြသည်ဟု သူက ဆိုသည်။

မြစ်ကြီးနားသို့ တနယ်တကျေးမှ လာရောက် တာဝန်ထမ်းဆောင်သော ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများသည် အစိုးရက တရားဝင် နေရာချထားသော မလိခ ဝန်ထမ်းအိမ်ယာ အပါအဝင် ဌာနဆိုင်ရာ အဆောက်အဦးများတွင် နေထိုင်သူများ ဖြစ်ကြသည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1509 guests online