လှိုင်သာယာ အလုပ်သမားများ ဆက်လက်ဆန္ဒပြ၊ လုံခြုံရေး တင်းကျပ်
မဇ္ဈိမသတင်းဌာန
|
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၂၆ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ လှိုင်သာယာ စက်မှုဇုန် ၃ ရှိ အလုပ်သမား ၂၀၀၀ ခန့်က လုပ်ခ တိုးမြှင့်ပေးရန် အတွက် ဒုတိယမြောက်နေ့အဖြစ် ယနေ့ ဆက်လက်ဆန္ဒပြရာ အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ရောက်ရှိလာကြောင်း သိရသည်။
အနည်းဆုံး စက်ရုံ ၃ ရုံမှ အလုပ်သမားများက ယနေ့ နေ့လည်ပိုင်းမှစတင်၍ ဆန္ဒပြခြင်းဖြစ်ပြီး၊ အခင်းဖြစ်ရာသို့ မီးသတ်ကားများ၊ အချုပ်ကားများနှင့် လုံထိန်းရဲ စုစုပေါင်း ရာနှင့်ချီ၍ ရောက်ရှိနေခြင်း ဖြစ်သည်။