နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း အလုံမြို့နယ် ကုန်သွယ်လယ်ယာဝင်းအတွင်း ဆီဂိုဒေါင်တလုံး ယနေ့ နေ့ခင်းပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဌာနမှ တာဝန်ရှိသူက ပြောသည်။
နေ့ခင်း ၂ နာရီ ၄၅ မိနစ်တွင် စတင်၍ မီးလောင်ခဲ့ရာ ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်းနှင့် ကမာရွတ်မြို့နယ်များမှ မီးသတ်ကားများ ဝိုင်းဝန်းငြှိမ်းသတ်သဖြင့် နာရီဝက်ခန့်အကြာတွင် မီးငြိမ်းသွားသည်။
“ကုန်သွယ်လယ်ယာဝင်းထဲမှာပါ။ ဂိုထောင်တလုံး မီးလောင်သွားပါတယ်။ သူက ဆီတွေလှောင်တာဆိုတော့ မြို့နယ် ၄ ခုက မီးသတ်ကားတွေနဲ့ နာရီဝက်လောက် ငြိမ်းသတ်လိုက်ရတယ်။ ဘယ်ကနေ စလောင်တယ်ဆိုတာတော့ မသိရသေးဘူး” ဟု မီးသတ်အရာရှိက ပြောသည်။







