တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > Backbone ကြောင့် အင်တာနက် ပျက်ရသည်ဟု ရတနာပုံပြော

Backbone ကြောင့် အင်တာနက် ပျက်ရသည်ဟု ရတနာပုံပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။     ။ မြန်မာနိုင်ငံတွင် အင်တာနက်လိုင်းများ နှေးကွေး ပြတ်တောက်ရခြင်းမှာ Backbone Device ချို့ယွင်းမှုကြောင့် ဖြစ်သည်ဟု အင်တာနက် ဝန်ဆောင်မှုပေးနေသော ရတနာပုံတယ်လီပို့တ်က ပြောသည်။

“ရတနာပုံတယ်လီပို့မှ ဝန်ဆောင်မှုပေးလျှက်ရှိသော အင်တာနက် ဝန်ဆောင်မှုများမှာ ၁.၂.၂၀၁၀ နေ့ နံနက်ပိုင်းမှစ၍ Backbone Device အချို့ ချို့ယွင်းမှုကြောင့် ဆက်သွယ်မှု ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး” ဟု ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။

ကွန်ပြူတာ ပညာရှင်တဦးက ” ဘက်ဘုန်း ဆိုတာကနော်၊ အဓိက လိုင်းကြီးကို ပြောတာပါ။ သူတို့ရဲ့ ဘက်ဘုန်း ပျက်တယ်ဆိုတာကို အပြင်မှာ ပြောနေတာပေါ့နော်။ သာမန်အားဖြင့် ပြောရမယ်ဆိုရင်တော့ နေရာတိုင်းကနေ ဝင်ရောက်လာပြီးတော့မှ တနေရာရာကို ပြန်သွားဖို့ကို အကုန်လုံးက စုပေါင်းပြီးမှ သွားရတယ်လေ။ အဲဒီလို လိုင်းတွေအားလုံး စုမိလိုက်တဲ့ နေရာကို ဘက်ဘုန်းလို့ ခေါ်တယ်လေ။ ဘက်ဘုန်းဆိုတာကတော့ စက်ပစ္စည်းတခုတည်းကို ပြောတာတော့ မဟုတ်ဘူး။”ဟု ပြောသည်။