ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မြို့နယ်ကောင်စီ (မယက) ဥက္ကဋ္ဌ ဦးညွန့်ဟန်သည် မကွေးတိုင်း ဆောမြို့တွင် တာဝန် ထမ်းဆောင်ရန် ယမန်နေ့က ပြောင်းရွှေ့သွားသည်။
မြန်မာ တနိုင်ငံလုံးတွင် ၃ နှစ်ကျော်ကြာ မယက ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သူ ဦးရေ ၁၀၀ ခန့် နေရာဒေသ အပြောင်းအရွှ့များ ပြုလုပ်ခဲ့ပြီးနောက် မူဆယ် မယက အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌ ရာထူးတွင် ၅ နှစ်ကျော် တာဝန်ယူခဲ့သည့် ဦးညွန့်ဟန်ပါ ပြောင်းရွှေ့ရခြင်း ဖြစ်သည်။
မကွေးတိုင်း မင်းလှမြို့မှ ဦးမြဟန်က သူ၏ နေရာတွင် တာဝန် လွှဲပြောင်းယူရန် ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် မူဆယ်သို့ ရောက်ရှိလာခဲ့သည်။
မူဆယ်သည် တရုတ်နိုင်ငံနှင့် နယ်ချင်းကပ် ဒေသဖြစ်သဖြင့် အသစ်ရောက်လာသည့် ဦးမြဟန်ကို ဦးညွန့်ဟန်က မူဆယ်ခရိုင်ရှိ မုံးကိုး၊ ကြူကုတ်၊ ပန်ဆန်း စသည့် ဒေသများသို့ လိုက်လံ ပြသခဲ့ကြောင်း သိရသည်။







