တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > သတင်းထောက်များကို လောက်ကိုင်သို့ ဖိတ်ခေါ်

သတင်းထောက်များကို လောက်ကိုင်သို့ ဖိတ်ခေါ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရက လောလောလတ်လတ် အောင်ပွဲခံထားသည့် ကိုးကန့်ဒေသ လောက်ကိုင်သို့ ပြည်တွင်းရှိ သတင်းထောက် ၆ ယောက်ကို ပြသရန် ယနေ့ ခေါ်ဆောင်သွားသည်ဟု စုံစမ်းသိရှိရသည်။

ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထောက်များကို လားရှိုးမှတဆင့် မနက်ဖြန်တွင် လောက်ကိုင်သို့ ပြသမည့် အစီအစဉ်အတွက် လိုက်ပါလိုသူများအနက်မှ မဲနှိုက် ခေါ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့ကို ၂ ရက်ကြာ စစ်ဆင်နွှဲပြီး စစ်အစိုးရ လိုလားသော ယခင်ဒုဥက္ကဋ္ဌ
ပိုင်စိုချိန် ဦးဆောင်သော အုပ်စုကို မြှောက်စားပေးခဲ့သည်။