ဖိုးလပြည့် ရဟတ်ယာဉ်မောင်း လေ့ကျင့်
မဇ္ဈိမသတင်းဌာန
|
သောကြာနေ့၊ ဂျူလိုင်လ ၁၇ ရက် ၂၀၀၉ ခုနှစ် ၁၁ နာရီ ၅၈ မိနစ်
(မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်သည် ရဟတ်ယာဉ်မောင်း လေ့ကျင့်လျက်ရှိကြောင်း မျက်မြင်သက်သေများ အပြောအရ သိရသည်။
အသက် ၂၀ နှစ်ကျော် ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်သည် အဖိုးဖြစ်သူ နအဖ အကြီးအကဲပိုင် ရုရှားလုပ် ရဟတ်ယာဉ်ဖြင့် မိတ္ထီလာ လေတပ်စခန်းမှ တက်ရောက်ပျံသန်းပြီး ပုဂံမြို့တွင် သက်ဆင်းမှု ပြုလုပ်နေခဲ့သည်ဟု သိရသည်။ သင်တန်းဆရာများမှာ လေတပ်စခန်းမှ အရာရှိများ ဖြစ်ကြသည်။
အဖြူရောင် ရဟတ်ယာဉ်မှာ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက လက်ဆောင်အဖြစ် ဝယ်ယူပေးခဲ့သည်ဟု စစ်ဘက် အသိုင်းအဝိုင်းတွင် ပြောကြသည်။