တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > အေရှားဝေါလ် ဆိပ်ကမ်းမှ ဘိန်းဖြူဖမ်းမိ

အေရှားဝေါလ် ဆိပ်ကမ်းမှ ဘိန်းဖြူဖမ်းမိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်ရှိ အေရှားဝေါလ် ဆိပ်ကမ်းမှ ထွက်ခွာသွားခဲ့သည့် ကုန်တင်သင်္ဘော တစင်းပေါ်မှ မူးယစ်ဆေးဝါးများ ရဲက ဖမ်းဆီးရမိသွားကြောင်း မျက်မြင် သက်သေတဦး အပြောအရ သိရသည်။

ထွက်ခွာသွားသည့် သင်္ဘောကို ရဲနှစ်ဦးက ရပ်ခိုင်းပြီး ရှာဖွေကာ ဘိန်းဖြူများကို သိမ်းဆည်းသွားခြင်း ဖြစ်သည်ဟု ဆိပ်ကမ်း ၀န်ထမ်းတဦးက ပြောသည်။

"ဘယ်လောက် ဖမ်းမိလဲဆိုတာတော့ မသိဘူး၊ ရဲတွေ ယူသွားတာတော့ တွေ့တယ်။ ဘယ်သူမှ အနားမကပ်ရဘူး" ဟု သူက မဇ္ဈိမသို့ ပြောသည်။

"သင်္ဘောက စင်္ကာပူကို သွားမယ် ထင်တာပဲ" ဟု သူက ထပ်ပြောသည်။

အလုံရဲစခန်းက မဇ္ဈိမသို့ ပြောကြားရာတွင် ဘိန်းထုတ်များကို သစ်လုံးများကြားတွင် ၀ှက်ထားခဲ့သည်ဟု ဆိုသည်။ သို့သော် မူးယစ် တိုက်ဖျက်ရေးအဖွဲ့ကို ဆက်သွယ်၍ မရနိုင်ဘဲ ဖြစ်နေသည်။

ဘန်ကောက်အခြေစိုက် ခေတ်ပြိုင် သတင်းဌာနအဆိုအရ ACL သင်္ဘောလိုင်းပိုင် 'KOTA TEGET' သင်္ဘောပေါ်မှ ဘိန်းဖြူ ၃၈ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

အေရှားဝေါလ်ဆိပ်ကမ်းကို ဘိန်းဘုရင် လောစစ်ဟန်၏သား ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လော က ပိုင်ဆိုင်သည်။