တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > မိုးရေးမြို့ မီး မြန်မာ့မီးသတ် သွားရောက် ကူညီငြှိမ်းသတ်ခဲ့ရ

မိုးရေးမြို့ မီး မြန်မာ့မီးသတ် သွားရောက် ကူညီငြှိမ်းသတ်ခဲ့ရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။   ။ အင်္ဂါနေ့မနက်က လောင်ကျွမ်းခဲ့သည့် မြန်မာ-အိန္ဒိယ နယ်စပ်ရှိ မိုးရေးမြို့ မီးကို စစ်ကိုင်းတိုင်း၊ တမူးမြို့မှ မီးသပ်တပ်ဖွဲ့က သွားရောက်ကူညီ ငြှိမ်းသတ်ပေးခဲ့ရကြောင်း ဒေသခံများက
ပြောသည်။

နံနက် ၄ နာရီခွဲခန့်မှ စတင် လောင်ကျွမ်းခဲ့သည့်မီးကို ငြှိမ်းသတ်ပေးရန် တမူး မီးသတ်တပ်ဖွဲ့များက ကူညီရန် လာရောက်စဉ် အစ၌ နယ်စပ်ဖြတ်ကျော်
ဝင်ရောက်ခွင့်ပြုရန် ငြင်းဆန်ခဲ့သော်လည်း မိုးရေး ဒေသခံ မီးသတ်တပ်ဖွဲ့မှ နိုင်နင်းစွာ
မငြိမ်းသတ်နိုင်တော့၍ ကူညီခွင့် ပြုခဲ့ရခြင်းဖြစ်သည်။

“သူတို့က အသားခြောက် ရောင်းတယ်။ အသားခြောက် မီးကြပ်တင်ရာက လောင်တာ။ ကျနော်တို့ (မြန်မာ) မီးသတ်ကားက အရင်ရောက်တာ ၃ အိမ်လောင်ပြီးပြီ။ ကျနော်တို့ မြန်မာပြည်က မီးသတ်ကားရော၊ အိန္ဒိယက ကားရော လူတွေရော ဝိုင်းငြှိမ်းပေးကြတယ်” ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူ မိုးရေးဒေသခံ တဦးက
ပြောပြသည်။

၃ နာရီခန့်ကြာ လောင်ကျွမ်းခဲ့သည့် ထိုမီးကြောင့် လူအထိအခိုက် အသေအပျောက် မရှိသော်လည်း လူနေအိမ် ၁၈ လုံးနှင့် ကား ၄ စီး လောင်ကျွမ်းပျက်စီးကာ မိသားစု ၃၉ စု မီးဘေး ဒုက္ခသင့်ခဲ့ရသည်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုမူ အသေးစိတ် မသိရှိရသေးပေ။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 222 guests online