သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > မြန်မာ့ ရော်ဘာကို တရုတ်၊ စင်္ကာပူနှင့် မလေးနိုင်ငံများက အဓိက ဝယ်ယူနေ

မြန်မာ့ ရော်ဘာကို တရုတ်၊ စင်္ကာပူနှင့် မလေးနိုင်ငံများက အဓိက ဝယ်ယူနေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် ရော်ဘာများကို တရုတ်၊ စင်္ကာပူနှင့် မလေးရှားနိုင်ငံ များက အဓိက ဝယ်ယူနေကြောင်း ရော်ဘာ တင်ပို့သူများက ဆိုသည်။

“အခြားဝယ်ယူတဲ့ နိုင်ငံတွေအနေနဲ့ အင်ဒိုနီရှား၊ ကိုရီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ထိုင်း စတဲ့ နိုင်ငံတွေကလည်း ဝယ်ယူနေပါတယ်” ဟု မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့် က ပြောသည်။

မြန်မာနိုင်င်ငံတွင် ရော်ဘာကို မွန်ပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး တနင်္သာရီနှင့် ပဲခူးတိုင်း၊ ကရင်ပြည်နယ် တို့တွင်လည်း စိုက်ပျိုးကြောင်း ဘီးလင်းမြို့မှ ရော်ဘာခြံလုပ်ငန်းရှင် ဦးကျော်လွင်ဦး က ဆိုသည်။

ရော်ဘာ တင်ပို့သူများအနေဖြင့် တန်ဖိုးမြင့်ကုန် ထုတ်လုပ်ရန် နည်းပညာ အားနည်း၍ ကုန်ကြမ်းအဖြစ်သာ တင်ပို့လျှက်ရှိကြသည်ဟုလည်း သိရသည်။

“ဖေဖေါ်ဝါရီ ၁၀ ရက်ကနေ ၁၆ ရက်နေ့အထိ ပင်လယ်ရေကြောင်းကနေ ရော်ဘာ တန် ၅၀၀ ကို စင်္ကာပူနဲ့ မလေးရှားတို့ကို တင်ပို့ခဲ့ပါတယ်။ နယ်စပ် ကုန်သွယ်ရေးကနေလည်း တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို ရော်ဘာ ၁,၁၄၁ တန် တင်ပို့ခဲ့ပါတယ်” ဟု ရော်ဘာ တင်ပို့သူ တဦးက ပြောသည်။

ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ ရော်ဘာ ပေါက်ဈေးများမှာ RSS 1 ၁ တန်လျှင် ဒေါ်လာ ၃,၀၀၀ မှ ၃,၁၀၀၊ RSS 3 နှင့် MSR-20 ၁ တန်လျှင် ဒေါ်လာ ၂,၉၀၀ မှ ၃,၀၀၀၊ RSS 5 နှင့် MSR -50 ၁ တန်လျှင် ဒေါ်လာ ၂,၈၀၀ မှ ၂,၉၀၀ နှင့် Crepe Rubber ၁ တန်လျှင် ဒေါ်လာ ၂,၇၀၀ မှ ၂,၈၀၀ တို့ဖြစ်ကြောင်း ရော်ဘာ စိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအသင်း မှတဆင့် သိရသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 114 guests online