ကြာသပတေး, ၂၃ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ရိုဟင်ဂျာများ မြန်မာပြည် ပြန်ပို့မည်ကို ငြင်းဆို

ရိုဟင်ဂျာများ မြန်မာပြည် ပြန်ပို့မည်ကို ငြင်းဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ သီရိလင်္ကာ ရေတပ်က ကယ်ဆယ်ထားသည့် မြန်မာနိုင်ငံနေ ၃၂ ယောက် သည် မြန်မာပြည်ကိုပြန်ရန် ငြင်းဆိုကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က ပြောဆိုလိုက်သည်။

ရဲအဖွဲ့အဆိုအရ  မြန်မာနိုင်ငံနေ မွတ်စလင် ရိုဟင်ဂျာများက သူတို့ဟာ ပြန်ဖို့မျှာ်လင့်စရာ  မရှိကြောင်း
ပြောဆိုသည်ဟု သိရသည်။  

သီရိလင်္ကာအစိုးရက သူတို့အား မြန်မာနိုင်ငံသို့ ပြန်မလွဲခင်အထိ သူတို့ ၃၂ အထဲမှ ၁၇ ယောက်အား ထိမ်းသိမ်းထားရှိမည်ဖြစ်သည်ဟု သီရိလင်္ကာထုတ် ဒေးလီးနယူး  သတင်းစာက  ရေးသားထားသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သီရိလင်္ကာ အရှေ့ဘက်ကမ်းခြေမှ ရေမိုင် ၂၅၀ အကွာ အိန္ဒိယ သမုဒ္ဒရာ အတွင်း သင်္ဘောတစင်းဖြင့် မျောပါနေသည့် အဆိုပါ ရိုဟင်ဂျာ ၃၂ ဦး ကို သီရိလင်္ကာ ရေတပ်က ဆယ်ယူခဲ့ခြင်းဖြစ်သည်။

ကယ်တင်ရရှိခဲ့သော ထိုလူစုထဲတွင် လေးဦးမှာ ကျန်းမာရေးအရ အလွန်စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း ရေတပ် ပြောရေးဆိုခွင့်ရှိသူ တပ်မှူး Kosala Warnakulasriya အား ကိုးကား၍ Daily Mirror သတင်းတရပ်တွင် ရေးသားဖော်ပြခဲ့သည်။

ထို့အတူ  ယခုနှစ်ဇန်နဝါရီ လကုန်ပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂၇ ဦးနှင့် မြန်မာ ၁၁ ဦးတို့ကိုလည်း သီရိလင်္ကာ ရေတပ်မှ ကယ်တင်နိုင်သည်။

အဆိုပါ ကယ်တင်ခဲ့သူများမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်း ကတည်းက မလေးရှားနိုင်ငံသို့ ဦးတည် ထွက်ခွါလာကြသူများဖြစ်ကာ ပင်လယ်ပြင်တွင် မျောနေခဲ့ကြခြင်းဖြစ်သည်ဟု စုံစမ်းလေ့လာမှုများက ထုတ်ဖော်ပြောဆိုခဲ့သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 103 guests online