တနင်္လာ, ၂၀ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > နို့စားနွား မွေးမြူရေး ထိုင်း၊ ကိုရီးယား၊ ဟော်လန်နှင့် နယူးဇီလန် လာရောက်ဆွေးနွေး

နို့စားနွား မွေးမြူရေး ထိုင်း၊ ကိုရီးယား၊ ဟော်လန်နှင့် နယူးဇီလန် လာရောက်ဆွေးနွေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံ၏ နို့စားနွား မွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် ထိုင်း၊ ကိုရီးယား၊ နယ်သာလန်နှင့် နယူးဇီလန် နိုင်ငံများမှ လာရောက်ဆွေးနွေးမှုများ ရှိကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

“နို့စားနွား မွေးမြူရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ပြည်ပနိုင်ငံတွေကနေ လာရောက် ဆွေးနွေးနေပါတယ်။ အထူးသဖြင့် ထိုင်း၊ ကိုရီးယား၊ ဟော်လန်နဲ့ နယူးဇီလန် နိုင်ငံတွေပါ” ဟု အဆိုပါ ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီး က မဇ္ဈိမကို ပြောသည်။

လက်ရှိ မြန်မာ့ မွေးမြူရေးကဏ္ဍတွင် နွားကောင်ရေ ၁၄ သန်းနှင့် ကျွဲကောင်ရေ ၃ သန်း မွေးမြူထားသည်။  “နွားကောင်ရေ ၁၄ သန်းမှာ နို့စားနွား ကောင်ရေ ငါးသိန်း ပါဝင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ နို့စား
နွားများကို မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် အဓိက မွေးမြူကြသည်။

“မြန်မာနိုင်ငံရဲ့ နို့စားနွား မွေးမြူရေးဟာ အိမ်နီးခြင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အလွန်နည်းပါးပါတယ်။ အဓိက ကတော့ အစာဈေးကြီးတာ၊ ထွက်ရှိတဲ့ နို့ကို ရောင်းချဖို့ ဈေးကွက်က ဝယ်လိုအား မရှိတာ၊ ဈေးကွက်က ပိုလျှံတဲ့ နို့တွေကို ကုန်ကျစရိတ်နည်းနည်းနဲ့ နို့ဆီ ထုတ်လုပ်တဲ့ နည်းပညာ မရှိတာတွေကြောင့်ပါ” ဟု
ကျောက်ဆည်မြို့ရှိ နို့စားနွား မွေးမြူသူ ဦးမြင့်လှိုင် က သုံးသပ်သည်။

ထိုသို့ နို့စားနွား မွေးမြူသည့် နည်းပညာများ အထောက်အပံ့ပေးရန်နှင့် အကျိုးတူ ပူးပေါင်း လုပ်ကိုင်ရန် အတွက် နယူးဇီလန်မှ စီးပွားရေးလုပ်ငန်းရှင်များ လွန်ခဲ့သော သီတင်းပတ်က လာရောက် ဆွေးနွေးခဲ့
ကြောင်း ဒေါက်တာအောင်ကြီး ၏ ပြောပြချက်အရ သိရသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 67 guests online