စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > မြန်မာ စစ်သင်္ဘော နှစ်စင်း ထိုင်းနိုင်ငံ၊ ဖူးခက်သို့ ချစ်ကြည်ရေး ဆိုက်မည်

မြန်မာ စစ်သင်္ဘော နှစ်စင်း ထိုင်းနိုင်ငံ၊ ဖူးခက်သို့ ချစ်ကြည်ရေး ဆိုက်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံမှ စစ်သင်္ဘော နှစ်စင်းဖြစ်ကြသည့် UMS 561 နှင့် UMS 562 တို့သည် ထိုင်းနိုင်ငံ
တောင်ပိုင်းရှိ ဖူးခက် ကမ်းခြေသို့ ဖေဖေါ်ဝါရီလအတွင်း ဆိုက်ကပ်လာမည် ဖြစ်ကြောင်း ရေတပ်အရာရှိများအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ရေးသားထားသည်။

နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ လာရောက်ဆိုက်ကပ်မည့် အဆိုပါ မြန်မာစစ်သင်္ဘောများကို ထိုင်းရေတပ် တတိယ ဧရိယာတပ်ရင်းမှ လက်ခံကြိုဆို
မည်ဟု ဆိုသည်။

ဤသည်မှာ မြန်မာစစ်သင်္ဘောများ ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် ဆိုက်ရောက်လာမှုလည်း ဖြစ်သည်။

နှစ်နိုင်ငံ ရေတပ်ဆက်ဆံရေး ကောင်းမွန်သည့်လက္ခဏာကို ပြသခြင်းဖြစ်ကာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ပူးပေါင်း ရေကင်းလှည့်မှုများအတွက်လည်း ဆွေးနွေးဖွယ်ရှိသည်။

မြန်မာနိုင်ငံအနေနှင့် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတခုဖြစ်သည့် 'ရွှေမြွေဟောက်' တွင် ပါဝင်လိုသော
အာသီ ယခင်ကတည်းက ရှိထားခဲ့ပြီး ပါဝင်ခွင့်ရရန် ထိုင်းနိုင်ငံမှတဆင့် စတင်ချဉ်းကပ်ခဲ့ကာ အောင်မြင်မှုအလား
အလာ အတော်ရရှိလာနေပြီလည်းဖြစ်သည်။

ထို့ပြင် မြန်မာရေတပ်ဦးစီးချုပ်လည်း ထိုင်းနိုင်ငံသို့ မကြာမီ လာရောက်ဖွယ်ရှိကြောင်းလည်း အဆိုပါ ရေတပ်အရာရှိ
အား ကိုးကား၍ ရေးသားထားသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 132 guests online