ကြာသပတေး, ၂၃ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဇန်နဝါလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၅၀ ခန့် ရှိလာ

ဇန်နဝါလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၅၀ ခန့် ရှိလာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။    ။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် တရားဝင် လာရောက်လုပ်ကိုင်
လာမှုမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၅၀ ခန့် ရှိလာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဇန်နဝါရီလ တလတည်းမှာပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ဝင်ရောက်လုပ်ကိုင်လာမှုက အမေရိကန်ဒေါ်လာ ၃၄၈ သန်း ရှိခဲ့ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင် က
ပြောသည်။

ဤလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှာ ဇန်နဝါရီ ၂ ရက်တွင် လုပ်ငန်း ၃ ခု၊ ဇန်နဝါရီ ၉ ရက်တွင် ၃ ခု၊ ဇန်နဝါရီ ၁၆ ရက်တွင် ၁ ခု၊ ဇန်နဝါရီ ၂၃ ရက်တွင် ၄ ခုနှင့် ဇန်နဝါရီ ၃၀ ရက်တွင် ၅ ခုဟူ
၍ လုပ်ငန်းပေါင်း ၁၆ ခုအား ခွင့်ပြုခဲ့သည်။

“ဇန်နဝါရီလထဲမှာ ဝင်ရောက်လာတဲ့ လုပ်ငန်းတွေထဲမှာ ကဏ္ဍစုံလာတာ တွေ့တယ်။ ဇန်နဝါရီလ တလထဲ ဝင်ရောက်
လာတဲ့ ရင်းနှီးမြှုပ်နှံမှုက ၂၀၁၂ ခုနှစ်၊ ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ဝင်ရောက်ထားတဲ့ နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇၉၄.၃၅၄ သန်းရဲ့ ၄၀ ရာခိုင်နှုန်းကျော် ရှိနေပါတယ်” ဟု ညွှန်ကြားရေးမှူးက ဆက်ပြော
သည်။

ထိုသို့ ခွင့်ပြုချက်ရရှိခဲ့သည့် ကုမ္ပဏီများမှာ အဖျော်ယမကာ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း ဖက်စပ်လုပ်ငန်း
အတွက် Myanmar Distillery Company Limitetd နှင့် Beer Chan International Limited ၊ အိမ်သုံးနှင့်အိမ်အလှ
ဆင် ပစ္စည်း စက်မှုလုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် Green Tech Industries Company Limited ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်သုံး ပစ္စည်းများအား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအတွက် Suzuki (Myanmar) Motor Co Ltd ၊ လက်ခစားစနစ်ဖြင့် သတို့သမီးဝတ်စုံ ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် Atelier E&M International Co Ltd ၊ စီးကရက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှု လုပ်ငန်းအတွက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုလုပ်ကိုင်လျက်ရှိသည် IMU နှင့် ဖက်စပ်လုပ်ကိုင်ရန် British American Tobacco Myanmar Limited စသည်တို့အား ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 102 guests online