စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > နိုင်ငံခြား ကုမ္ပဏီရုံးခွဲအချို့ ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့်ပြု

နိုင်ငံခြား ကုမ္ပဏီရုံးခွဲအချို့ ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့်ပြု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ နိုင်ငံခြားကုမ္ပဏီ ရုံးခွဲအချို့အား ယာယီ ဖွဲ့စည်း မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန် ကြေညာခဲ့သည်။

“ဖေဖေါ်ဝါရီ ၁ ရက်နေ့ကနေ ဖေဖေါ်ဝါရီ ၇ ရက်နေ့အထိ ယာယီဖွဲ့စည်းမှတ်ပုံတင် ခွင့်ပြုခဲ့တဲ့ ကုမ္ပဏီ စုစုပေါင်း ၂၃ ခု ရှိခဲ့ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင် က ပြောကြားသည်။

ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံခြားကုမ္ပဏီ ရုံးခွဲများမှာ ဖေဖေါ်ဝါရီ ၁ ရက်တွင် ၁၀ ခု၊ ဖေဖေါ်ဝါရီ ၄ ရက်တွင် ၃ ခု၊ ဖေဖေါ်ဝါရီ ၅ ရက်တွင် ၅ ခု၊ ဖေဖေါ်ဝါရီ ၆ ရက်တွင် ၁ ခုနှင့် ဖေဖေါ်ဝါရီ ၇ ရက်တွင် ၄ ခုတို့ ဖြစ်သည်။

“Industry (ထုတ်လုပ်ရေး) လုပ်ငန်း တခု/နှစ်ခုလောက် ပါဝင်ပြီး လုပ်ငန်းအများစုက ဝန်ဆောင်မှု လုပ်ငန်းတွေ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသွားသည်။

ထိုသို့ ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံခြားကုမ္ပဏီရုံးခွဲများထဲတွင် Web Crew International Co;Ltd ၊ Chilli A dvertising Co;Ltd ၊ Red Bull Co:Ltd-Japan Real Estate Co;ltd ၊ Myanmar Premier International Law Office Co;Ltd ၊ Suzuki (Myanmar) Motor Co;Ltd ၊ Puri Timber Co;Ltd ၊ Vietnam Joint Stock Commercial Bank for Industry and Trade (Myanmar Representative Office)၊ The Cambodia Trust (Myanmar Branch Office)၊ Vietnam Phar maceutical Corporation (Myanmar Branch) စသည်တို့ ပါဝင်ကြောင်း သိရသည်။