ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > အာရုံကြောဖွံ့ဖြိုးမှု ချွတ်ယွင်းခြင်း ရောဂါဆိုင်ရာ ကွန်ဖရင့်သို့ မြန်မာ တက်ရောက်ခဲ့

အာရုံကြောဖွံ့ဖြိုးမှု ချွတ်ယွင်းခြင်း ရောဂါဆိုင်ရာ ကွန်ဖရင့်သို့ မြန်မာ တက်ရောက်ခဲ့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာ နှင့် အရှေ့တီမော နိုင်ငံများ အပါအဝင် အာရှနိုင်ငံ
များမှ အစိုးရ ကိုယ်စားလှယ်များက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က နယူးဒေလီမြို့တွင် ပြုလုပ်သော အာရုံကြာ
ဖွံ့ဖြိုးမှု ချွတ်ယွင်းခြင်း ရောဂါဆိုင်ရာ တောင်အာရှ ကွန်ယက် (SAAN) ၏ ကွန်ယက်တည်ထောင်ခြင်း အစည်းအဝေးကို တက်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း Frontier India သတင်းတရပ်က ဆိုသည်။

တောင်အာရှဒေသ တခွင်လုံး ပါဝင်သည့် အာရုံကြောဖွံ့ဖြိုးမှု ချွတ်ယွင်းခြင်းရောဂါ [Autism] ဆိုင်ရာ ကွန်ယက်တခု ကို ပထမဆုံးအကြိမ် ဖွဲ့စည်းနိုင်ခြင်း ဖြစ်ကာ အာရုံကြောဖွံ့ဖြိုးမှု ကစဥ့်ကလျားဖြစ်ခြင်းရောဂါနှင့် ပတ်သတ်သည့် ပြဿနာများအား ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အိန္ဒိယ နိုင်ငံတွင် ခန့်မှန်းခြေ လူဦးရေ ၈ သန်းခန့်မှာ Autism ရောဂါကို ခံစားနေရပြီး ကမ္ဘာတဝှမ်းလုံးတွင်မူ ထိုရောဂါ ခံစားနေရသူ သန်းပေါင်းများစွာ ရှိနေသည်။ အိန္ဒိယ အာဏာပိုင်များ အနေဖြင့် အိန္ဒိယ နိုင်ငံ၏ ဘွဲ့ကြိုနှင့် ဘွဲ့လွန် ဆေးပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများထဲတွင် Autism ရောဂါအကြောင်းကို ထည့်သွင်း သင်ကြားပေး
ရန် အိန္ဒိယဆေးကောင်စီ [MCI] အား တောင်းဆိုသွားမည်ဟု ကတိကဝတ် ပြုခဲ့သည်။  

ယခုလုပ်ဆောင်မှုကြောင့် Autism ရောဂါဆိုင်ရာ တောင်အာရှ ကွန်ယက် [SAAN] အဖွဲ့ဝင်များသည်၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံက Autism ရောဂါ ပြဿနာ ဖြေရှင်းရေးအတွက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် တညီတညွတ်
တည်း ဆုံးဖြတ် အတည်ပြုခဲ့သည့် အရေးပေါ် လုပ်ဆောင်ရေး ဆုံးဖြတ်ချက်အား ပထမဆုံး အကောင်အထည်
ဖော်သူများ ဖြစ်လာခဲ့သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 275 guests online