အင်္ဂါ, ၁၈ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > နိုင်ငံရေး အကျဉ်းသား သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့

နိုင်ငံရေး အကျဉ်းသား သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန်(မဇ္ဈိမ)။   ။ ရန်ကုန်မြို့  ရွှေဂုံတိုင် ရှိတော်ဝင်နှင်းဆီ ခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီက နိုင်ငံရေး အကျဉ်းသားများနှင့် လက်တလော လွတ်မြောက် နိုင်ငံရေး  အကျဉ်းသားဟောင်းများ၏ သားသမီးများကို ပညာသင်စရိတ် ထောက်ပံ့ရေး ပေးအပ်ပွဲ အခမ်းအနားကို AAPP နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း(မြန်မာနိုင်ငံ)မှ ပြုလုပ် ကျင်းပရာ AAPP အတွင်းရေးမှူး ကိုတိတ်နိုင် မှ အမှာစကား ပြောကြားခဲ့သည်။
ရန်ကုန်မြို့  ရွှေဂုံတိုင် ရှိတော်ဝင်နှင်းဆီ ခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ယနေ့ မွန်းလွဲ(၁)နာရီက နိုင်ငံရေး အကျဉ်းသားများနှင့် လက်တလော လွတ်မြောက် နိုင်ငံရေး  အကျဉ်းသားဟောင်းများ၏ သားသမီးများကို ပညာသင်စရိတ် ထောက်ပံ့ရေး ပေးအပ်ပွဲ အခမ်းအနားကို AAPP နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း(မြန်မာနိုင်ငံ)မှ ပြုလုပ် ကျင်းပရာ AAPP အတွင်းရေးမှူး ကိုတိတ်နိုင် မှ အမှာစကား ပြောကြားစဉ်။ (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ) ရန်ကုန်မြို့  ရွှေဂုံတိုင် ရှိတော်ဝင်နှင်းဆီခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က အန်အယ်ဒီ ဗဟိုလူမှု အထောက်အကူပြုအဖွဲ့မှ ဥက္ကဌ ဦးတင်ဦး ပြောကြားစဉ်။ (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ) ရန်ကုန်မြို့  ရွှေဂုံတိုင် ရှိတော်ဝင်နှင်းဆီခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ကျဉ်းမိသားစုများအား တွေ့ရစဉ်။ (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)
၎င်းက “ နိုင်ငံရေး အကျဉ်းသားတွေရဲ့  သားသမီးတွေကို ဒီနှစ်မှာ ပထမအရစ် အနေနဲ့  တစ်ဦးကို တသိန်းစီနဲ့
နှစ်ရာဦး ပေးဖို့ ရာထားပါတယ်။နောက်ထပ်လည်းထပ်မံကူညီ နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဗဟိုလူမှုအထောက်ကူပြု အဖွဲ့ ဥက္ကဌ ဦးတင်ဦးမှ မလွတ်နိုင်တဲ့ နိုင်ငံရေး
အကျဉ်းသားတွေကို လွတ်အောင်လုပ်ဖို့ လိုသလို သူတို့ ရဲ့ သားသမီးတွေရဲ့ လူမှုဘ၀ကို သနားဖို့ လိုတယ်ဟု အဆိုပါ ပွဲတွင် ပြောကြားခဲ့သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 138 guests online