ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုးသည့် ဒေသများတွင် ငါးဖမ်းပိုက်ထုတ် စက်ရုံ တည်ဆောက်ခွင့်ပြု

ငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုးသည့် ဒေသများတွင် ငါးဖမ်းပိုက်ထုတ် စက်ရုံ တည်ဆောက်ခွင့်ပြု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မွေးမြူရေးနှင့် ရေလုပ်ငန်း လက်အောက်ရှိ ငါးဖမ်းပိုက် ထုတ်လုပ်သည့် စက်ရုံလုပ်ငန်းအား ငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုး
သည့် ဒေသများတွင် စက်ရုံတည်ဆောက်ခွင့်ပြုမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုနှံမှု ကော်မရှင်၏ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၃ အရ သိရသည်။

ငါးချဆိပ်ကမ်း၊ ငါးလေလံဈေး တည်ဆောက်လုပ်ငန်းကိုလည်း ငါးလုပ်ငန်းဦးစီးဌာန၏ ဥပဒေလုပ်ထုံး လုပ်နည်းနှင့် အညီဆောင်ရွက် ရမည်ဖြစ်ပြီး ဆိပ်ကမ်းနှင့် လေလံဈေးအား သန့်ရှင်း လုံခြုံမှုစနစ်နှင့် ခေတ်မီစွာ တွဲလျက် တည်ဆောက်ရမည် ဖြစ်သည်။

ရေချို ရေငန် ငါးမွေးမြူရေး လုပ်ငန်းအား ပြည်တွင်းရှိ ဇီဝမျိုးစုံ၊ မျိုးကွဲများကို ထိခိုက်စေနိုင်သည့် ငါးအမျိုးအစားများကို ခွင့်ပြုမည် မဟုတ်ပေ။ ရေထွက်ပစ္စည်း ဓါတ်ခွဲစစ်ဆေးရေး လုပ်ငန်းကိုလည်း IS0 17025 စနစ် ကျင့်သုံးသော ရေ အရည်အသွေး စစ်ဆေးခြင်းနှင့် ထုတ်ကုန်များအား စစ်ဆေးခြင်းများကို ပြုလုပ်နိုင်ရမည် ဖြစ်သည်။

ပျားနှင့် ပျားထွက် ပစ္စည်းလုပ်ငန်းကိုလည်း GMP (a good manufacturing practice ) စနစ်ဖြင့် ထုတ်လုပ်ရမည်
ဖြစ်ပြီး၊ နိုင်ငံခြားမှ နည်းပညာနှင့် ဈေးကွက်များ ရရှိရမည် ဖြစ်ကာ နိုင်ငံတော်မှ ထုတ်ပြန်ထားသော အစားအသောက်
အတွက် ထုတ်လုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း အဆိုပါ အမိန့်ကြေငြာ
စာတွင် ဖော်ပြထားသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement