ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > အခေါက်ရွှေ အ၀င်များသဖြင့် ဈေးအနိမ့် ဖြင့်သာအရောင်း အဝယ်ဖြစ်

အခေါက်ရွှေ အ၀င်များသဖြင့် ဈေးအနိမ့် ဖြင့်သာအရောင်း အဝယ်ဖြစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန်ဈေးကွက်သို့ အခေါက်ရွှေ အ၀င်များသဖြင့် ဈေးအနိမ့်ဖြင့်သာ အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း
ရွှေကုန်သည်များထံက သိရသည်။

“ဒီတစ်ပတ်အတွင်း ရွှေကွက်ထဲမှာ အသားပေါတဲ့ အနေအထားရှိတယ်။ ကမ္ဘာရွှေဈေးနဲ့ မြန်မာရွှေဈေး ဈေးနှုန်း ကွာဟချက် သိပ်မများဘဲ အခေါက်ရွှေ ၁ကျပ်သားကို ကျပ် ၇၆၃၀၀၀ ၀န်းကျင် အနိမ့်ဈေးနဲ့ အရောင်း အ၀ယ်ဖြစ်ခဲ့တယ်။” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။

ဇန်န၀ါရီ ၂၈ ရက်မှ ဖေဖေါ်ဝါရီ ၂ အထိ တစ်ပတ်အတွင်းပြည်တွင်း အခေါက်ရွှေ ၁ ကျပ်သားလျှင် အနိမ့်ဆုံး
ဈေးနှုန်းများမှာ ကျပ် ၇၆၂၇၀၀ ဖြင့် ဖေဖေါ်ဝါရီ ၂ ရက်တွင် အပိတ်ဈေး ဖြစ်ပေါ်ခဲ့သည်။

အမြင့်ဆုံးဈေးမှာ ကျပ် ၇၆၇၅၀၀ ဖြင့် ဇန်န၀ါရီ ၃၁ ရက်က အဖွင့်ဈေးဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာရွှေဈေးမှာလည်း ၁အောင်စလျှင်  ၁၇၅၈ ဒေါ်လာဖြင့် ဇန်န၀ါရီ ၂၈ ရက် ညနေပိုင်းတွင် အနိမ့်ဆုံးဖြစ်ပေါ်ခဲ့ပြီး၊ အမြင့်ဆုံး
ဈေးအနေဖြင့် ဖေဖေါ်ဝါရီ၁ရက် ညနေပိုင်းတွင် ၁၆၈၁ ဒေါ်လာဖြစ်ခဲ့သည်။

“ဒီတစ်ပတ်ထဲမှာ ကမ္ဘာရွှေဈေးက တက်ရင်လည်းမမြဲဘူး။ တက်ရင်လည်း တစ်ညပဲ။ နောက်ရက်ပြန်ကျတာပဲ။ တရုတ် နှစ်ကူးနီးလာတော့ ၀ယ်လက်ကြီးတွေ ငြိမ်နေတယ်။ အရပ် ၀ယ်လက်တွေက ဖေဖေါ်ဝါရီလ ၁ရက်နေ့က အဖွင့်ဈေး ၁ကျပ်သားကို ကျပ် ၇၆၀၈၀၀ ဖြစ်တဲ့ အချိန်မှာ ဈေးတန်းကြိုက်တဲ့အတွက် ၀ယ်ဖြည့်ကျတယ် ”ဟု ရွှေကုန်သည် ဦးအုန်းသောင် ကပြောသည်။

ယခုတစ်ပတ်အတွင်း နယ်စပ်ဘက်သို့ အ၀င်အထွက် မရှိသဖြင့် ဈေးကွက်အေးနေကြောင်း ၊ မန္တလေးဘက်မှ အခေါက်ရွှေ အ၀င် ပုံမှန်ရှိနေသဖြင့် ဈေးကွက်အတွင်း ပုံမှန်ထက် အသားပိုပေါကာ တစ်ချို့အချိန်များတွင် ကမ္ဘာရွှေဈေး မကျသည့်တိုင် ပြည်တွင်းရွှေဈေးမှာ ၁ကျပ်သားလျှင် ကျပ် ၁၀၀၀၊ ၁၅၀၀ ကျပ်ဝန်းကျင် ဈေးကျမှု များရှိခဲ့ကြောင်း ရွှေကုန်သည်များထံမှ သိရသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 93 guests online