ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဆီဂါလန် တစ်သောင်းပါဝင်သော သင်္ဘော နှစ်စီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွား

ဆီဂါလန် တစ်သောင်းပါဝင်သော သင်္ဘော နှစ်စီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန်တိုင်း လှိုင်မြို့နယ် (၄) ရပ်ကွက် ကမ်းနားရှိ ဆီတင် သဘောင်္ နှစ်စင်းသည် ညနေ ၅ နာရီ ၅ မိနစ်အချိန်မှ စတင်ပြီး မီးလောင်မှုဖြစ်ပွားပြီး ၅ နာရီ ၁၀မိနစ်တွင် မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ကြောင်း အဆိုပါရပ်ကွက်ရှိ
ဒေသခံများမှ ပြောသည်။

“ သင်္ဘောက နှစ်စီးတွဲလာတာ၊ မီးလောင်ပြီး သိပ်မကြာဘူး ပေါက်ကွဲမှုဖြစ်တယ်။မီးတွေက ရေပေါ်မှာလောင်
နေတာ မီးပင်လယ်ကြီး ကျနေတာဘဲ”ပာု အဆိုပါ ဒေသခံကပြောသည်။

အဆိုပါ မီးသည် ၆နာရီ ၁၀မိနစ်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း ထိုမီးလောင်မှုအား ရန်ကုန် တမြို့လုံးရှိ မီးသတ်ဦးစီး ဌာနများမှ မီးသတ်ကာ အစီး ၅၀ ခန့်  လာရောက် ငြိမ်းသတ်ခဲ့ ကြသည်။

ထိုမီးလောင်မှုကြောင့်  လူ၃ ဦးသေဆုံးကာ ၁ ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ ကြောင်း လှိုင်မြို့နယ်ရှိ အရန် ကြက်ခြေနီ အမျိုးသမီးတစ်ဦးကပြောသည်။

“ အလောင်းက တလောင်း အရင်တွေ့ တယ်။ သူကတော့  အခြေအနေတော်တော်ဆိုးတယ်။ နောက် နှစ်ယောက် ကတော့  ရေထဲခုန်ချပြီး ရေထဲက မီးရှိန်နဲ့  သတိမေ့ပြီး ရေနစ်တာပါ။တစ်ယောက်ကိုတော့  ရန်ကုန်အရေးပေါ်
ခေါ်သွားပါပြီ ” ပာု ထိုအမျိုးသမီးက ပြောသည်။

အဆိုပါသေဆုံးသူများသည် ဆီတင်သဘောင်္တွင် ပါရှိသူများသာဖြစ်ကျရာ  အမျိုးသားများသာဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ဆက်လက်ပြောကြားသည်။

အဆိုပါ သဘောင်္သည် မြ၀တီ စက်သုံး ဆီရောင်းဝယ်ရေး သို့   စက်သုံးဆီလေရောက် ပို့ ခြင်းဖြစ်ပြီး တစ်စီးလျှင် ဆီဂါလန် တစ်သောင်းခန့် ပါဝင်ကြောင်း အမည်မဖော်လိုသော ဆိပ်ကမ်းအာဏာပိုင် တစ်ဦးကပြောသည်။

၎င်းက "သိရသလောက်ကတော့ ဒီသဘောင်္က မြန်အောင် ကလာတာ။အမြဲ ဒီအချိန်ဆို ဆီလာပို့နေကြ။"ပာု ဆိုသည်။

အဆိုပါ ဆီတင် သင်္ဘောမီးလောင်ကျွမ်းမှုကြောင့် အမှတ် (၂) သစ်အချောထည် ဆိပ်ခံဘောတံတားနှင့် ယင်းတံတားပေါ်ရှိ သစ်လုံးအချို့  အနည်းငယ် မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် အရသိရသည်။

ရန်ကုန်မြစ်အတွင်း ဆီများစိမ့်ဝင်နေပြီး ထပ်မံမီးလောင်မည်ကိုပင် ဒေသခံများမှ စိုးရိမ်နေကြကြောင်း သိရသည်။

မြ၀တီ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းသည် မြန်မာ့ စီပွားရေးဦးပိုင် လီမိတက်က ပိုင်ဆိုင်ကြောင်း အတည် မပြုနိုင်သည့် သတင်းများက ဆိုသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 200 guests online