စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ရိုဟင်ဂျာအရေး ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာ ဆွေးနွေးဦးမည်

ရိုဟင်ဂျာအရေး ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာ ဆွေးနွေးဦးမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။   ။ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာနေကြသည့် ရိုဟင်ဂျာများအရေးနှင့် ပတ်သက်၍
မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင်း (Surapong Tovichakchaikul) ဖေဖော်ဝါရီလအတွင်း လာရောက်ဦးမည် ဖြစ်သည်။

ဇန်နဝါရီလအတွင်းက ဝန်ကြီး၏ လက်ထောက် ဂျူလာပေါင်း (Jullapong Nonsrichai) လာရောက်ကာ မြန်မာ အစိုးရပိုင်းနှင့် ဆွေးနွေးခဲ့သော်လည်း တိုးတက်မှု တစုံတရာ မရခဲ့၍ ယခုကဲ့သို့ ဝန်ကြီး၏ နောက်ဆက်တွဲခရီးစဉ်
ဖြစ်ပေါ်လာရကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ရေးသားထားသည်။

ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာကြသော အဆိုပါ ရိုဟင်ဂျာများ၏ မူရင်းနေရပ်မှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှသော်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှသော်လည်းကောင်း မရေရာလှကြောင်း မြန်မာ အာဏာပိုင်များက ပြောဆိုသည်ဟု ဂျူလာပေါင်းက ဆူရာပေါင်းကို အစီရင်ခံထားသည်။

လတ်တလော ရောက်ရှိနေသည့် ရိုဟင်ဂျာ ၁,၄၀၀ အတွက် ခိုလှုံခွင့် ခြောက်လသာ ပေးနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ မူလဇာတိတိုင်းပြည်နှင့် ဖြေရှင်းမှုတစုံတရာကို အရေးတကြီး လိုအပ်နေသည်။

မစ္စတာ ဆူရာပေါင်းသည် ကမ္ဘာ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)အဖွဲ့ဝင်ထဲမှ ဘန်ကောက် အခြေစိုက် သံအမတ်များနှင့် သံကိုယ်စားလှယ် ၁၅ ဦးအား ဦးဆောင်ကာ ရိုဟင်ဂျာများ ယာယီခိုလှုံနေကြသည့် စံခလခရိုင်သို့ ကြာသပတေးနေ့က သွားရောက်ကြည့်ရှုခဲ့သည်။

ဤရိုဟင်ဂျာများ၏ မူလနိုင်ငံသားဖြစ်မှုကို စစ်ဆေးရာတွင် ကူညီရန်နှင့် အရှိန်မြှင့် လုပ်ဆောင်ရန်အတွက် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNHCR)နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဆွေးနွေးမည်ဟု ဆိုသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 111 guests online